အသည်းကွဲမြို့တော်
️အာဇာနည်
အတူလျှောက်ဖူးတဲ့ လမ်းများ ပျက်အိုဟောင်း
အတူကြည်နူးခဲ့ ချစ်ရက်နှောင်း
အပျော်တွေ ပြောင်းရွှေ့သွားခဲ့
အတိတ်မြို့ဟောင်း
အကြင်နာဆုံးလေး မင်းဘယ်မှာ
ဒီမြို့ထဲမင်း ကိုယ့်ကိုချန်ခဲ့ပြီ
အဆင်တန်ဆာမြို့အတွက် မင်းအလှမရှိ
မြင်မြင်သမျှက ကိုယ့်အတွက် အကြီးတန်ပြီ
အကြင်နာအားလုံး ဝေးနေပြီ
မေရယ် ကျော်ခိုင်းဖို့ ဆုံးဖြတ်လို့
မုန်းပြီလားအချစ်ရယ်
မင်းမရှိတဲ့မြို့တော်မှာ
ကိုယ်ဟာ ၀မ်းနည်းဆွေးမြေ့မှု
လမ်းတွေမှာ အဖော်မပါ
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူမင်းကို လွမ်း နေပြီ
မင်းမရှိတဲ့ မြို့တော်မှာ
ကိုယ်ဟာ ထွက်ပေါက်တွေ့ဖို့တော့
အခုမလွယ်ကူပါ
ပြေးဖို့မြေမရှိ
မတွေးရဲ ဆွေးမြဲ ဆွေးနေပြီ
အပူရှိန်နေ့ဘက် ပြင်းသထက် ပြင်းလာပြီ
မဟူရာညကျ လကမရှိ
ဒီလိုအသည်းကွဲမြို့က လွတ်ချင်ပြီ
ဒဏ်ရာ ဒီဂရီမြင့်သတဲ့ မြင့်လာပြီ
မေရယ် ကျော်ခိုင်းဖို့ ဆုံးဖြတ်လို့
မုန်းပြီလား အချစ်ရယ်
မင်းမရှိတဲ့မြို့တော်မှာ
ကိုယ်ဟာ ၀မ်းနည်းဆွေးမြေ့မှု လမ်းတွေမှာ
အဖော်မပါ
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူမင်းကို လွမ်းနေပြီ
မင်းမရှိတဲ့ မြို့တော်မှာ
ကိုယ်ဟာ ထွက်ပေါက်တွေ့ဖို့တော့
အခုမလွယ်ကူပါ
ပြေးဖို့မြေမရှိ
မတွေးရဲ ဆွေးမြဲ ဆွေးနေပြီ
မင်းမရှိတဲ့မြို့တော်မှာ
ကိုယ်ဟာ ၀မ်းနည်းဆွေးမြေ့မှု လမ်းတွေမှာ
အဖော်မပါ ခေါင်းငိုက်စိုက်နဲ့ လှမ်းနေပြီ
ချစ်သူမင်းကို လွမ်းနေပြီ
မင်းမရှိတဲ့ မြို့တော်မှာ
ကိုယ်ဟာ ထွက်ပေါက်တွေ့ဖို့တော့
အခုမလွယ်ကူပါ
ပြေးဖို့မြေမရှိ
မတွေးရဲ ဆွေးမြဲ ဆွေးနေပြီ