ဂန္တဝင်မေမေ
အိအိချွန်
ဝမ်းကြာဖူးငုံ ပန်းမှုံပွင့်ရွယ်
လွယ်မွေးခဲ့တဲ့မဟာမေမေ
ဖဝါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော
သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ်ဆယ်ပြန်မြင့်သော
ချစ်မေမေရေ ဪ ချစ်မေမေရေ
မေမေရေ.....
ဝမ်းကြာဖူးငုံ ပန်းမှုံပွင့်ရွယ်
လွယ်မွေးခဲ့တဲ့မဟာမေမေ
ဖဝါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော
သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ်ဆယ်ပြန်မြင့်သော
ချစ်မေမေရေ ဪ ချစ်မေမေရေ
မေမေရေ......
နှလုံးသွေးကိုစုပုံပြုသွန်းထု
နီသောအသွေးကိုသန့်စင်ဖြူစေ
စွမ်းတဲ့မွေးကျေးဇူးရှင်
ဂန္တဝင်မေမေကရုဏာမေမေ
ကောင်းကင်မေမေမြင့်မိုရ်မေမေ
တီတာစမ်းသမျှသီတာစမ်းကျ
ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ.....
မေမေရေ.....
လူလားမြောက်လို့
အတောင်စုံကြတော့
သံယောဇဉ်အချစ်အသစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကိုကျောခိုင်းသွား
မေမေသမုဒယဥမ္မတကာကြီးရေ
မေမေသမုဒယဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့
နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေ
ကရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ
ဂန္တဝင်မေမေကရုဏာမေမေ
ကောင်းကင်မေမေမြင့်မိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ.....
music.solo
ဝမ်းကြာဖူးငုံ ပန်းမှုံပွင့်ရွယ်
လွယ်မွေးခဲ့တဲ့မဟာမေမေ
ဖဝါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်က
မွေးခဲ့ပါသော
မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော
သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ်ဆယ်ပြန်မြင့်သော
ချစ်မေမေရေ
ဪ ချစ်မေမေရေ
မေမေရေ....
နှလုံးသွေးကိုစုပုံပြုသွန်းထု
နီသောအသွေးကိုသန့်စင်ဖြူစေ
စွမ်းတဲ့မွေးကျေးဇူးရှင်
ဂန္တဝင်မေမေကရုဏာမေမေ
ကောင်းကင်မေမေမြင့်မိုရ်မေမေ
တီတာစမ်းသမျှသီတာစမ်းကျ
ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ.....
မေမေရေ....
လူလားမြောက်လို့
အတောင်စုံကြတော့
သံယောဇဉ်အချစ်အသစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကိုကျောခိုင်းသွား
မေမေသမုဒယဥမ္မတကာကြီးရေ
မေမေသမုဒယဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့
နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေ
ကရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ
ဂန္တဝင်မေမေကရုဏာမေမေ
ကောင်းကင်မေမေမြင့်မိုရ်မေမေ
တီတာစမ်းသမျှ
သီတာစမ်းကျ
ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ
ဪ ချစ်မေမေရေ.....
မေမေရေ....
Thank
Apay