menu-iconlogo
huatong
huatong
-eieichun-cover-image

မြကြာယံ EiEiChun

အိအိချွန်huatong
လေးစိုး_👉U_Soehuatong
লিরিক্স
রেকর্ডিং
မြကြာယံ

ဆို အိအိချွန်

စိမ့်ကြီး .. မြိုင်ကြီး ..

ရိပ်ကြီးတော ၀ယ် ...

နေရောင် ဘယ်မခံ ..

ပန်းမြကြာယံ လယ် ...

ရူပါရုံအဆင်း ထင်လင်းတယ်

မြင်ရရုံနဲ့ လွန်ချစ်ဖွယ်

သံသေဒဇမယ် လှကေသွယ်

တေဇာမညှိုးတဲ့ မိုးနတ်နွယ်

ရူပါရုံအဆင်း ထင်လင်းတယ်

မြင်ရရုံနဲ့ လွန်ချစ်ဖွယ်

သံသေဒဇမယ် လှကေသွယ်

တေဇာမညှိုးတဲ့ မိုးနတ်နွယ်

စုံမြိုင်လယ် ပင်နန်းဝယ်

ရွှင်လန်းတယ် ပင်နန်းဝယ်

သူယောင်မယ် လှသူရယ်

ရွှေဖူးစာ မျှမယ် ...

စုံမြိုင်လယ် ပင်နန်းဝယ်

ရွှင်လန်းတယ် ပင်နန်းဝယ်

သူယောင်မယ် လှသူရယ်

ရွှေဖူးစာ မျှမယ်

ကြွေတော့မယ့် သဏ္ဍန်ပုံနှယ်

ချစ်တဲ့သူ ဆင်မြန်းဖွယ်

အထူးပဲဆန်းလှတယ်

မြ ကြာ ယံ လယ် ..။

သာယာကြည်နူး ထူးအံ့ဖွယ်

စုံခြေမြိုင်တော အလယ်

သူယောင်ပင်နန်း ပန်းရနံ့ကြွယ်

မြတ်တဲ့ နတ်မျိုးနွယ် ..

သာယာကြည်နူး ထူးအံ့ဖွယ်

စုံခြေမြိုင်တော အလယ်

သူယောင်ပင်နန်း ပန်းရနံ့ကြွယ်

မြတ်တဲ့ နတ်မျိုးနွယ် ..

ဝိဇ္ဇာ ဇော်ဂျီ ပေါသည့်မြိုင်လယ်

ထူးဆန်းအံ့သြဖွယ်

ဝိဇ္ဇာ ဇော်ဂျီ ပေါသည့်မြိုင်လယ်

ထူးဆန်းအံ့သြဖွယ်

ကြွေတော့မယ့် သဏ္ဍန်ပုံနှယ်

ချစ်တဲ့သူ ဆင်မြန်းဖွယ်

အထူးပဲဆန်းလှတယ်

မြ ကြာ ယံ လယ် ..။

.........

ရွှေကြာငုံစုံ ဖူးကရယ်

လွန်ထူးအံ့ စေလောက်ဖွယ်

လူသဏ္ဍန် ဖြစ်ပေါ်တယ်

ဘုန်းရှိသူ ခူးစေဖွယ်

ထူးတဲ့ နတ်မျိုးနွယ်

ရွှေကြာငုံစုံ ဖူးကရယ်

လွန်ထူးအံ့ စေလောက်ဖွယ်

လူသဏ္ဍန် ဖြစ်ပေါ်တယ်

ဘုန်းရှိသူ ခူးစေဖွယ်

ထူးတဲ့ နတ်မျိုးနွယ်

အို တောမြိုင်ယံတွင်း သင်းပျံ့လို့ရယ်

နတ်တွေ ဖန်ဆင်းတယ်

တောမြိုင်ယံတွင်း သင်းပျံ့လို့ရယ်

နတ်တွေ ဖန်ဆင်းတယ်

တကယ်မြင့်မြတ်သူ ချူပါလှည့်ကွယ်

ကြွေတော့မယ့် သဏ္ဍန်ပုံနှယ်

ချစ်တဲ့သူ ဆင်မြန်းဖွယ်

အထူးပဲ ဆန်းလှတယ်

မြ ကြာ ယံ လယ် ..။

ဘုန်းကံရှိလို့ အထူးပင်လှတယ်

မြကြာယံလယ် ..

နှင်းဆီဒေါန ကြက်မောက်များက

ခစား ရပေတယ် ..

ဘုန်းကံရှိလို့ အထူးပင်လှတယ်

မြကြာယံလယ် ..

နှင်းဆီဒေါန ကြက်မောက်များက

ခစား ရပေတယ် ..

ထူးတဲ့ မိုးနတ်သူဇာနွယ်

မြတ်တဲ့ မိုးနတ်သူဇာနွယ်

ကြွေတော့မယ့် သဏ္ဍန်ပုံနှယ်

ချစ်တဲ့သူ ဆင်မြန်းဖွယ် ....

အထူးပဲ ဆန်းလှတယ်

မြ ကြာ ယံ လယ် ....

.......

အိအိချွန် থেকে আরও

সব দেখুনlogo