လေပြေ
ဆို အေသင်ချိုဆွေ
နင်လေသတိရရင် ဖုန်းဆက်ပါအချိန်တိုင်း
လေပြေစကားနဲ့တင် ကျေနပ်တယ်
ဆုံဆည်းဖို့ နေ့ရက်လေး
ငါလေအချိန်တွေ လက်ချိုးရေ
ရေမြေခြားပြီးတော့ ဟိုးအဝေးကိုထွက်သွား
ဒီမှာ အလွမ်းများကို ငါမုန်းနေ
မြတ်နိုးလို့ မျက်လုံးမှိတ်ပြီး
ငါဆုတောင်းရင်း မင်းအနား
အပြေးလေးလာခဲ့မယ်
မင်းရယ်နေရင် အပြုံးလေးကူးစက်
စိတ်တူကိုယ်တူမို့
ငါတို့ဝမ်းနည်းလည်းအတူပဲ
မင်းရဲ့အရိပ်က ငါ့ရဲ့ဘဝပါ
အတိတ်ကပျော်ရွှင်ခြင်းများ
ပြန်တွေးရင် ရင်ခုန်လာ
ခဏတော့ ခွဲနေမယ်
ရေရှည်နီးစပ်ဖို့အတွက်ပဲလေ
နောက်ဆို ခွဲမသွားပါနဲ့
အချစ်ရဲ့ ဘေးနားမှာပဲ
စိတ်မချလို့ပါ နေခွင့်ပြုပါနော်
နင်လေသတိရရင် ဖုန်းဆက်ပါအချိန်တိုင်း
လေပြေစကားနဲ့တင် ကျေနပ်တယ်
ဆုံဆည်းဖို့ နေ့ရက်လေး
ငါလေအချိန်တွေ လက်ချိုးရေ
ရေမြေခြားပြီးတော့ ဟိုးအဝေးကိုထွက်သွား
ဒီမှာ အလွမ်းများကို ငါမုန်းနေ
မြတ်နိုးလို့ မျက်လုံးမှိတ်ပြီး
ငါဆုတောင်းရင်း မင်းအနား
အပြေးလေးလာခဲ့မယ်
လျှောက်သွားမယ် ကြံလိုက်တိုင်းလည်း
မင်းပုံရိပ်တွေ မြင်ယောင်လာ
တစ်ယောက်ထဲ သတိရမျက်ရည်ဝဲ
အမြန်ဆုံးတွေ့ချင်လှပြီ
ပြန်ခဲ့တော့အချစ်ရေ
အတိတ်ကပျော်ရွှင်ခြင်းများ
ပြန်တွေးရင် ရင်ခုန်လာ
ခဏတော့ ခွဲနေမယ်
ရေရှည်နီးစပ်ဖို့အတွက်ပဲလေ
နောက်ဆို ခွဲမသွားပါနဲ့
အချစ်ရဲ့ ဘေးနားမှာပဲ
စိတ်မချလို့ပါ နေခွင့်ပြုပါနော်
နင်လေသတိရရင် ဖုန်းဆက်ပါအချိန်တိုင်း
လေပြေစကားနဲ့တင် ကျေနပ်တယ်
ဆုံဆည်းဖို့ နေ့ရက်လေး
ငါလေအချိန်တွေ လက်ချိုးရေ
ရေမြေခြားပြီးတော့ ဟိုးအဝေးကိုထွက်သွား
ဒီမှာ အလွမ်းများကို ငါမုန်းနေ
မြတ်နိုးလို့ မျက်လုံးမှိတ်ပြီး
ငါဆုတောင်းရင်း မင်းအနား
အပြေးလေးလာခဲ့မယ်
အသွေးအသားလေးများ မင်းအတွက်ပါပဲကွယ်