တောင်လှေကားမြို့တော်ကိုယ်လာမယ်
Cover Version
အောင်မြင့်မြတ်
ချစ်သူရှိရာ နှင်းမှုံမြို့တော်ရယ်
တောင်လှေကားလို့ အမည်တွင်တယ်
သာယာပုံဆန်းသတဲ့ ကိုယ်လှမ်းလို့
လာချင်တယ်ကွယ်.......
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
သလဲသီးနဲ့ စတော်ဘယ်ရီ
ချယ်ရီမြိုင် ထင်းရှုးတန်းနဲ့
စိန်ပန်းပြာပန်းမြို့တော်၀ယ်.......
အိမ်ကလေးများလည်း တွေ့ရမယ်
ဆိုစကားတွေများကြားတော့
ကိုယ်လာစမ်းချင်တယ်
သလဲသီးနဲ့ စတော်ဘယ်ရီ
ချယ်ရီမြိုင် ထင်းရှုးတန်းနဲ့
စိန်ပန်းပြာပန်းမြို့တော်၀ယ်.....
အိမ်ကလေးများလည်း တွေ့ရမယ်
ဆိုစကားတွေများကြားတော့
ကိုယ်လာစမ်းချင်တယ်
ပန်းလိုလှတဲ့သူရယ်
မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
ပန်းတို့မြေ မကြာခင် ကိုယ်လာခဲ့ပါမယ်
လိမ္မော်ပင်ရင်းမှာ အတူပျော်ရွှင်ရင်းနဲ့
အနေလှလှမှန်းဆနေသူရယ်
ယူကလစ်ပင်အရင်းမှာလည်း
စကားတွေဖောင်ဖွဲ့ ရွှေလက်တွဲ
နွှဲလို့ပျော်ချင်တယ်
လွမ်းနေအဝေးကပန်းမြို့တော်
တောင်လှေကားကို ကိုယ်တကယ်အရောက်လာခဲ့မယ်
ကိုယ်လာရင် တောင်လှေကားအတက်၀ယ်
မောင်ရယ်အသွားခက်တယ်လို့ မဆိုရဘူးကွယ်
သြော်...မောင့်လက်ကိုတွဲကာ နှင်းမှုံထဲမှာ
လျှောက်လို့လည်ပါမယ်...
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
ကိုယ်လာရင် တောင်လှေကားအတက်၀ယ်
မောင်ရယ်အသွားခက်တယ်လို့ မဆိုရဘူးကွယ်
သြော်...ကိုယ့်လက်ကိုတွဲကာ နှင်းမှုံထဲမှာ
လျှောက်လို့လည်ပါမယ်
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
ကိုယ့်ကိုချစ်တဲ့သူရယ် မျှော်နေစမ်းကွယ့်
တောင်လှေကားမြို့တော်၀ယ်
---ရွှင်လန်းချမ်းမြေ့ကြပါစေ---
--- Say_Z ---