အတူနေခဲ့စဉ်
အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်း နားလည်ပါသော်လည်း
အချစ်မှာ မပွင့်လင်းခဲ့ ဘာ့ကြောင့်များ
တိတ်တခိုးလေး စိတ်လှုပ်ရှား
ရင်ထဲက စကားများ
ကြိတ်မှိတ် မျိုသိပ်ထား
သြော် လွန်ခဲ့ပြီ
ဝေးသွားမှ ပြန်တွေ့ကာ
နှမြောတသ လွမ်းနေပါသော်လည်း
မတတ်သာ
ယောက်ျားတို့ရဲ့မာန
သူမိန်းကလေးတို့ သဘာဝ
ရင်ထဲက ပန်းတစ်ပွင့်
သော့ခတ် လုံခြုံသွား
အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီမေ
အခုတော့ ဝေးကြပြီ
တို့နှစ်ဦးသား ဟာ
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင် သိမ်းထား
အခါလွန်တဲ့မိုး မို့ အငြိုးနဲ့ရွာ
အကြင်နာစကားတွေ
အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ ညတွေဆို
ပြန်အိပ် မရပါ
သူရောပဲ ကိုယ့်လိုများ
ယောင်ယမ်း တမ်းတနေမလား
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်းနေသလိုပါ
အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီမေ
အခုတော့ ဝေးကြပြီ
တို့နှစ်ဦးသား ဟာ
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင်သိမ်းထား
အခါလွန်တဲ့မိုး မို့ အငြိုးနဲ့ရွာ
အကြင်နာစကားတွေ
အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ ညတွေဆို
ပြန်အိပ် မရပါ
သူရောပဲ ကိုယ့်လိုများ
ယောင်ယမ်း တမ်းတနေမလား
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်းနေသလိုပါ
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်းနေသလိုပါ
ကိုယ် တွေးရင်းတွေးရင်း
ဝမ်းနည်းနေသလိုပါ