အင်းယားကန်စပ်ကဖိနပ်တစ်ရံ
အောင်ရင်
မောင်လာပါ သူခေါ်ပြီးချိန်းရာ
ကိုယ်လာမိခဲ့တာ
သီလာမြကျွန်းတစ်နေရာ
ကြံရည်ရောင်
ဖိနပ်လေးတစ်ဖက်ဟာ
ကန်ရေရဲ့အစပ်မှာ
ကိုယ်မြင်မိခဲ့လေတာ
ရင်ထဲ ခုန်စရာ အဖြစ်ကြုံလာ
ကိုယ့်ချစ်သူ ဖိနပ်ဆိုတာ
သိမိတော့ ကိုယ်ဟာ
ကမ်းစပ်မှာရှာ
အချစ်ကလေးဘယ်မှာသိချင်လာ
တစ်ဒဿမ ငါးအမည်ပါ
ကားတစ်စီးကညင်သာ...
ဖြတ်လို့နှင်ခွာ
ကန်ရေပြင်ကြည်ကြည်စိမ်းနဘေးမှာ
ခြေစုံရပ်ငေးကာ
ရင်မှာမေးခွန်းတွေဖြာ
ကြံရည်ရောင် ဖိနပ်လေးတစ်ဖက်ဟာ
သူပိုင်တဲ့ဥစ္စာ
ကိုယ်သိထားတော့ငိုစရာ
ရင်ထဲ ခုန်စရာအဖြစ်ကြုံလာ
ကိုယ်ချစ်သူ ဖိနပ်ဆိုတာ
သိမိတော့ ကိုယ်ဟာ
ကမ်းစပ်မှာရှာ
အချစ်ကလေးဘယ်မှာသိချင်လာ
တစ်ဒဿမငါးအမည်ပါ
ကားတစ်စီးကညင်သာ
ဖြတ်လို့နှင်ခွာ
ကန်ရေပြင်ကြည်ကြည်စိမ်းနဘေးမှာ
ခြေစုံရပ်ငေးကာ
ရင်မှာမေးခွန်းတွေဖြာ
ကြံရည်ရောင်ဖိနပ်လေးတစ်ဖက်ဟာ
သူပိုင်တဲ့ဥစ္စာ
ကိုယ်သိထားတော့ငိုစရာ
ရင်ထဲ ခုန်စရာ အဖြစ်ကြုံလာ
ကိုယ့်ချစ်သူဖိနပ်ဆိုတာ
သိမိတော့ကိုယ်ဟာ
ကမ်းစပ်မှာရှာ
အချစ်ကလေးဘယ်မှာ သိချင်လာ
တစ်ဒဿမငါးအမည်ပါ
ကားတစ်စီးကညင်သာ
ဖြတ်..လို့..နှင်..ခွာ...
ရွှင်လန်းချမ်းမြေ့ကြပါစေ...
Say_Z