သီချင်း း အမုန်းယောင်ဆောင်သောအလွမ်း
တေးဆို း အောင်ရင်
အချစ်လဲသစ်ရွက်လိုပဲချာချာလည်ကာ
ကြွေသွားတဲ့အခါ
အဝေးကလမ်းဟောင်းတွေထက်
ဘယ်ဆီမရေရာကိုယ်လျှောက်သွား
မုန်းတယ်ရက်စက်တတ်တဲ့သူလေးရယ်
မုန်းတယ်တမ်းတတတ်တဲ့ငါကိုယ်တိုင်လဲ
မုန်းတယ်တည့်မတ်မရှိတဲ့ဒီအချစ်တွေနဲ့
ဘယ်ဆီလှမ်းလျှောက်တော့
ဘယ်ရင်မှာခိုနားလို့သွား
အိုးအိမ်မက်အမှောင်ထဲ
ရယ်သံလိုလိုကိုယ်ကြားတဲ့အခါ
အိပ်ပျက်မိုးသားတိမ်ထက်
ဒဏ္ဏာရီလိုထင်ယောင်မှား
မုန်းတယ်မင်းနှုတ်ခမ်းပါးလေးငါမုန်းတယ်
မုန်းတယ်မင်းပြောဖူးတဲ့ပုံပြင်တွေထဲ
မုန်းတယ်တည့်မတ်မရှိတဲ့ဒီအချစ်တွေနဲ့
ဘယ်ဆီလှမ်းလျှောက်သွား
ကိုယ်လေနှင်ရာလွင့်ပါးလို့သွား
လွမ်းနေလား....ချည်နှောင်မှုများ
အယောင်ဆောင်ထားတဲ့ဒီအမုန်းတွေ
အလွမ်းတွေလား...အလွမ်းများ
အယောင်ဆောင်ထားတဲ့ဒီအမုန်းတွေ
အလွမ်းတွေလား..
သွားတော့အချစ်ရယ်ပြန်တော့
လိုရာကိုသင်ပျံသွားတဲ့အခါ
အသည်းကတဆတ်ဆတ်နာရှိ
ငိုသံတွေကိုမှိုသိပ်ထား
မုန်းတယ်အသည်းခွဲတတ်တဲ့
သူလေးရယ်
မုန်းတယ်စွဲလန်းတတ်တဲ့
ငါကိုယ်တိုင်လည်း
မုန်းတယ်တို့လျှောက်ခဲ့တဲ့
ဒီလမ်းတွေထဲ
ဘယ်ဆီလှမ်းလျှောက်သွား
ကိုယ်လေနှင်ရာလွင့်ပါးလို့သွား
လွမ်းနေလား....ချည်နှောင်မှုများ
အယောင်ဆောင်ထားတဲ့ဒီအမုန်းတွေ
အလွမ်းတွေလား...အလွမ်းများ
အလွမ်းတွေလား ....
အယောင်ဆောင်ထားတဲ့ဒီအမုန်းတွေ
အလွမ်းတွေလား...အလွမ်းများ
ဝိုးဝိုး...အယောင်ဆောင်ထားတဲ့ဒီအမုန်းတွေ
အလွမ်းတွေလား...အလွမ်းများ
အလွမ်းတွေလား