သီချင်း - ခံစားချက်
တေးဆို - အောင်လ
တိတ်ဆိတ်သောနုတ်ခမ်းနံရံမှာ
ဒဏ်ရာတွေကိုငါခြယ်ထားတယ်
လွမ်းဖို့ကောင်းတဲ့အတိတ်တွေရဲ့
ပုံပြင်လည်းရှိတယ်
စကားလုံးများရဲ့နောက်ကွယ်မှာ
ကြေကွဲမှုတွေချန်ခဲ့
လူတွေပြောနေကြတဲ့
့ပြဇာတ်ထဲမှာ
ငါပါဝင်နေတုန်းပဲ
အိုးမီးခွက်လေးပူလို့နေလည်း
ငြိမ်းသက်ဖို့အခွင့်မရှိပဲ
နှလုံးသားဆီ
ခမ်းခြောက်သွားပေမယ့်
ငါလောင်ကျွမ်းလို့နေဆဲ
အိမ်ပြန်နောက်ကျခဲ့တဲ့ငါ့ကို
နင်တံခါးပိတ်သော့ခတ်ပြီး
နောင်တများစွာမှာအခါခါလဲပြိုကာ
အမှောင်ညများထဲကြွေခဲ့ပြီ
ငါအဆိပ်တက်မူးဝေနေပြီ
နှလုံးသွေးများယိုစီး
နင်မရှိသောကမ်ဘာမှာ
ရှင်သန်ဖို့ဆိုတာ
ဘာမှအဓိပ္ပါယ်မရှိ
အလင်းမရှိတော့တဲ့
ကောင်းကင်ဟာ
ပုံပြင်တွေကိုဖန်ဆင်းတယ်
မီးပိတ်ထားတဲ့ငါ့ကမ်ဘာမှာ
အရောင်များမဲ့နေဆဲ
အလိုက်မသိတတ်တဲ့မျက်ရည်တွေ
စီးကျနေပေမဲ့
အပေါ်ယံအငွေ့အသက်တစ်ခုရဲ့
နောက်ကွယ်မှာ
ငါရှင်သန်နေတုန်းပဲ
အိုးမီးခွက်လေးပူလို့နေလည်း
ငြိမ်းသက်ဖို့အခွင့်မရှိပဲ
နှလုံးသားဆီ
ခမ်းခြောက်သွားပေမယ့်
ငါလောင်ကျွမ်းလို့နေဆဲ
အိမ်ပြန်နောက်ကျခဲ့တဲ့ငါ့ကို
နင်တံခါးပိတ်သော့ခတ်ပြီး
နောင်တများစွာမှာအခါခါလဲပြိုကာ
အမှောင်ညများထဲကြွေခဲ့ပြီ
ငါအဆိပ်တက်မူးဝေနေပြီ
နှလုံးသွေးများယိုစီး
နင်မရှိသောကမ်ဘာမှာ
ရှင်သန်ဖို့မလိုပါ
ငါသေဆုံးလိုက်ချင်သည်
အိမ်ပြန်နောက်ကျခဲ့တဲ့ငါ့ကို
နင်တံခါးပိတ်သော့ခတ်ပြီး
နောင်တများစွာမှာအခါခါလဲပြိုကာ
အမှောင်ညများထဲကြွေခဲ့ပြီ
ငါအဆိပ်တက်မူးဝေနေပြီ
နှလုံးသွေးများယိုစီး
နင်မရှိသောကမ်ဘာမှာ
ရှင်သန်ဖို့ဆိုတာ
ဘာမှအဓိပ္ပါယ်မရှိ