ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ
အဲလက်စ်
.........
အခုတော့ဘယ်သူမှ
လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြ်ီိ
ကိုယ်မချစ်ထိုက်သူနဲ့
ဝေးသွားရင်အတော်ဆုံးမို့
တစ်သက်တာ ဝေးလွင့်ပြီ
ယုံလိုက်တော့
.....
မြတ်နိုးတွယ်တာသမျှရယ်
မျှော်လင့်ချက် များစွာနဲ့
စောင့်စားခဲ့တဲ့ အချိန်များစွာ
ကိုယ်နဲ့မထိုက်မတန်
ဖြစ်မယ်မှန်းကိုတော့
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး
အခုတော့ဘယ်သူမှ
လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြ်ီိ
ကိုယ်မချစ်ထိုက်သူနဲ့
ဝေးသွားရင်အတော်ဆုံးမို့
တစ်သက်တာ ဝေးလွင့်ပြီ
ယုံလိုက်တော့
......
သူ့ရဲ့ ကြည်ဖြူမှုအပေါ်
ကျေနပ်ရလောက်အောင်လည်း
မပြုစု မတုံ့ပြန်နိုင်ခဲ့ပါ
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့
ရင်နာစရာတွေဖြစ်ဖြစ်လာတယ်
အခုတော့ဘယ်သူမှ
လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြ်ီိ
ကိုယ်မချစ်ထိုက်သူနဲ့
ဝေးသွားရင်အတော်ဆုံးမို့
တစ်သက်တာ ဝေးလွင့်ပြီ
ယုံလိုက်တော့
.........
မဆုံးသော ခင်မင်မှုနဲ့
ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ်မထင်ဘူးကွယ်
အခြေအနေအဖြစ်အမှန်
သိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး
အခုတော့ဘယ်သူမှ
လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြ်ီိ
ကိုယ်မချစ်ထိုက်သူနဲ့
ဝေးသွားရင်အတော်ဆုံးမို့
တစ်သက်တာ ဝေးလွင့်ပြီ
ယုံလိုက်တော့
အခုတော့ဘယ်သူမှ
လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြ်ီိ
ကိုယ်မချစ်ထိုက်သူနဲ့
ဝေးသွားရင်အတော်ဆုံးမို့
တစ်သက်တာ ဝေးလွင့်ပြီ
ယုံလိုက်တော့
..........