ရင်သို့ တိုးဝှေ့ဆဲပါခိုင်
မူရင်း မာရဇ္ဇ
ပြန်ဆို စာလားထော်ဝါး
နွေကြို ရွှေဥသြ
ပန်းပိတောက် ကိုမြင်မှ
နွေရောက်တာ
ကိုယ်သိတယ်
သြော် နွေတဲ့လား
ရာသီတွေ လည်း
ပြောင်း သွားခဲ့ပေါ့
အချိန်အခါတွေ သည်
နှောင်းသွား ခဲ့လည်း
ကြင်နာသူမို့
အမှတ်တရ ရှိနေဆဲ
ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်
မမြင်တာ ကြာပေမယ့်
အသည်းက သံမှိုစွဲ
ရိုက်ကာထားသလို
ထင်ရစ်တယ်
သြော် ဝေဒနာလား
အသေအချာဝေဖန် သုံးသပ်မိတော့
ရင်မှာတွယ်တဲ့ ကြိုးကငြိပေါ့
ဘယ်သူကူလို့ ဖြတ်လို့ ရမှာလဲ
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
မေ့ဖို့ မကြိုးစား ခဲ့ပါဘူး
ပျော်သည် ဖြစ်ဖြစ်
မပျော်သည် ဖြစ်ဖြစ်
ကြိတ်မှိတ် ခံစားမယ်
အသည်းနဲ့ ရင်းခဲ့ရသူမို့
တစ်ခါတလေကျတော့
ပိုခံစားရ
အရူးတစ်ယောက်လိုဖြစ်တာ
ချစ်လွန်းတော့လည်းကွယ်
ဘယ်လိုဖြေလို့ မေ့လို့ ရမှာလဲ
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
နွေကြို ရွှေဥသြ
ပန်းပိတောက် ကိုမြင်မှ
နွေရောက်တာ
ကိုယ်သိတယ်
သြော် နွေတဲ့လား
ရာသီတွေလည်း ပြောင်းသွားခဲ့ပေါ့
အချိန်အခါတွေသည် နှောင်းသွားခဲ့လည်း
ကြင်နာသူမို့ အမှတ်တရ ရှိနေဆဲ
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
မေ့ဖို့ မကြိုးစား ခဲ့ပါဘူး
ပျော်သည် ဖြစ်ဖြစ်
မပျော်သည် ဖြစ်ဖြစ်
ကြိတ်မှိတ် ခံစားမယ်
အသည်းနဲ့ ရင်းခဲ့ရသူမို့
တစ်ခါတလေကျတော့
ပိုခံစားရ
အရူးတစ်ယောက် လိုဖြစ်တာ
ချစ်လွန်းတော့ လည်းကွယ်
ဘယ်လိုဖြေလို့ မေ့လို့ ရမှာလဲ
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်
ယုံပါရင်သို့ တိုးဝှေ့ ဆဲပါခိုင်