အလွမ်းမိုးရာသီ
အလွမ်းတွေကို
သယ်ဆောင်လာတဲ့မုတ်သုန်မိုးနဲ့အညီ
ဇွန်ပန်းတွေဖူးပွင့်ကြချိန်
မိုးသည်းထဲတို့နှစ်ယောက်ဆုံလာ
အလွမ်းရာဇ၀င် မိုးကသိတယ်
အလွမ်းဖြေစရာ
ရာသီအမှီတော့လှမ်းလာမိုးနဲ့အတူ
ရင်ထဲမှာအမြဲတမ်းမင်းကို
တမ်းတလို့သတိရနေတာ
အလွမ်းရာသီ မိုးမျက်ရည်
ကြင်နာသူရယ်
ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ
အနှစ်တစ်ရာပြောင်းစေ
ဝသန်မိုးတိုင်းစောင့်နေ
အာကာတစ်ခွင်မှာ
တိမ်ရိပ်လှိုင်းတွေညိုမည်းလို့မှောင်
မိုးရေထဲကချစ်သူ ဘယ်ရောက်နေသလဲ
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်
ဆောင်းကိုမခင်
နွေကိုတစ်သက်လုံးမုန်းတတ်သွားခဲ့ပြီ
ရင်ထဲမှာမစဲသောမိုးတွေ
အမြဲတမ်းပဲသွန်းဖြိုးရွာနေ
အလွမ်းရာသီပျိုးတဲ့မိုးရေ
MUSIC
အလွမ်းတွေကို
သယ်ဆောင်လာတဲ့မုတ်သုန်မိုးနဲ့အညီ
ဇွန်ပန်းတွေဖူးပွင့်ကြချိန်
မိုးသည်းထဲတို့နှစ်ယောက်ဆုံလာ
အလွမ်းရာဇ၀င် မိုးကသိတယ်
အလွမ်းဖြေစရာ
ရာသီအမှီတော့လှမ်းလာမိုးနဲ့အတူ
ရင်ထဲမှာအမြဲတမ်းမင်းကို
တမ်းတလို့သတိရနေတာ
အလွမ်းရာသီ မိုးမျက်ရည်
ကြင်နာသူရယ်
ဇွန်ပန်းပွင့်ချိန်ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ
အနှစ်တစ်ရာပြောင်းစေ
ဝသန်မိုးတိုင်းစောင့်နေ
အာကာတစ်ခွင်မှာ
တိမ်ရိပ်လှိုင်းတွေညိုမည်းလို့မှောင်
မိုးရေထဲကချစ်သူ ဘယ်ရောက်နေသလဲ
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်
ဆောင်းကိုမခင်
နွေကိုတစ်သက်လုံးမုန်းတတ်သွားခဲ့ပြီ
ရင်ထဲမှာမစဲသောမိုးတွေ
အမြဲတမ်းပဲသွန်းဖြိုးရွာနေ
အလွမ်းရာသီပျိုးတဲ့မိုးရေ
ကျေးဇူးတင်ပါတယ်