စတော်ဘယ်ရီချစ်သည်းရှင်
ဇော်ဝင်းထွဋ် ဟေမာနေဝင်း
(1 girl,2 boy)
စတော်ဘယ်ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို
မြင်ယောင်သလိုလိုပင်....
ဘယ်ဆီကိုမမျှော်မှန်းဘဲကွယ်
ထင်ရာမြင်ရာကို
အဖော်ရယ်မပါတစ်ယောက်တည်း
တွေးကာလာစဉ်အချိန်မှာကွယ်
သူခေါ်ရာအပြေးကလေးစိတ်မှာ
ညင်သာစွာပါတယ်
ဘယ်ဆီကိုသွားမလဲအချစ်ရယ်
ပျော်စရာကွယ်
အိုးးးး သိပ်ပျော်တယ်
စတော်ဘယ်ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို
မြင်ယောင်သလိုလိုပင်
အချိန်ယူကာအေးအေးဆေးဆေး
နေစေချင်ပါတယ်
စတော်ဘယ်ရီသီးကလေးများကို
ဖျော်ကာကွယ်
အိုးးး တိုက်ပါမယ်
ရီဝေဝေကိုယ့်ခေါင်းထဲမှာ
ချာချာလည်နေတယ်
ဘယ်အချိန်မှာကိုယ်အိပ်သွားတယ်
သေချာမရေရာတယ်
ကိုယ်ပြန်လည်နိုးသောအခိုက်မှာ
အခြေအနေကိုပြန်လည်
သူအခါခါအထပ်ထပ်ထည့်တာ
မြင်ယောင်တယ်
အိုးးးးမြူးလာတယ်
စတော်ဘယ်ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို
မြင်ယောင်သလိုလိုပင်
စေတနာကိုသိတက်ရင်
တော်ပါပြီရှင်ရယ်
စတော်ဘယ်ရီသီးကလေးများကို
ဖျော်ကာကွယ်
အိုးးးးတိုက်ပါမယ်
နွေရာသီအချိန်ဦးအစလို
သာယာနာပျော်ဖွယ်
အသံသာသာကိုယ်မကြားတော့ပါ
သူဘယ်ဆီဘယ်ဝယ်
သည်အချိန်မှာအမှတ်ရဆုံးဟာ
စတော်ဘယ်ရီချယ်ရီ
ရွှေကိန္နရီလေးများလားကွယ်
မြင်ယောင်တယ်
အိုးးးးမမေ့နိုင်တယ်
စတော်ဘယ်ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကိုသလိုလိုပင်
အချိန်ယူကာအေးအေးဆေးဆေး
နေစေချင်ပါတယ်
စတော်ဘယ်ရီသီးကလေးများကို
ဖျော်ကာကွယ်
အိုးးးတိုက်ပါမယ်
Thanks u all
Ma Hay Thi