ဂျစ်ပစီမိုးတိမ်
ဆို - ဇော်ဝင်းထွဋ်
Music
ငယ်ငယ်ကချာတိတ်အရွယ် ကျောင်းနေတုန်း
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး
လူလိမ္မာတော့ မဖြစ်ချင်ခဲ့
ကဲ အခုတော့ ဘယ့်နှယ့်လဲ
စာသင်ဖို့ဆိုတာ စိတ်တွေပျက်
ဘီတယ်လ်သီချင်း ကျက်နေခဲ့
ကမ္ဘာကျော်ကဗျာတွေဖတ်ပြီးအချစ်ကိုတွေ့
အသည်းကွဲတတ်ပြီလေ
ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ကနေတဲ့ ဇာတ်လမ်းမှားနေပြီ
ဘယ်လိုနေထိုင်ရမလဲ ဘ၀ဆိုတာ
ပြဇာတ်တစ်ပုဒ်ပါပဲ
ပီကာဆိုဘ၀ ငါလေရခဲ့ချင်ရဲ့
ဝါရင်ဘီတီလိုလဲ ဖြစ်ချင်တယ်
ဘီလျှံဒေါ်လာများထက်
အဖိုးတန်တဲ့ စိတ်ကူးများရှိနေတယ်
ဒါတွေ ဘယ်တော့ဖြစ်မလဲအချစ်
နေရာအခွင့်အရေးလေး ပေးလိုက်စမ်း
ဘယ်လိုဖြစ်မလဲ ကြည့်နေ
အချိန်နဲ့တိုင်းတာမယ်
Music
ငါဟာမတည်ငြိမ်တဲ့ မိုးတိမ်ပဲ
ငါဟာဂျစ်ပစီလိုခရီးနှင်နေ
ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ
မင်းသားတစ်ယောက်ပါပဲ
ငါ့ကို ဘာထင်ထင် ဘာဖြစ်လဲ
အိုကွယ် အချစ်လေး ရှိနေတယ်
ဘီလျှံဒေါ်လာများထက်
အဖိုးတန်တဲ့ စိတ်ကူးများရှိနေတယ်
ဒါတွေ ဘယ်တော့ဖြစ်မလဲ
ဟေ့ အချစ်
နေရာအခွင့်အရေး ပေးလိုက်စမ်း
ဘယ်လိုဖြစ်မလဲကြည့်နေ
အချိန်နဲ့တိုင်းတာမယ်
Music
ဘယ်လိုထင်ထင်ဖြစ်တယ်လေ
ထာဝစဉ်မှန်ကန်တဲ့တရားမရှိနိုင်ပါ
တစ်ချပ်မှောက်တဲ့ ကစားပွဲများ
အဖြေဟာဝိုင်းသိမ်းတော့မှ သိမယ်လေ
ငါထာဝစဉ်မတည်ငြိမ် မိုးတိမ်လို
ဂျစ်ပစီတွေလို မရပ်မနား ခရီးနှင်နေ
ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ
ငါလျှောက်ခဲ့မိပြီလေ
ဘ၀ကအပြောင်းကြီး ပြောင်းလဲခဲ့
မရည်ရွယ်တာတွေ အကုန်လုံးဖြစ်လာတယ်
ကြိုတင်ကာဇာတ်ညွှန်းဖတ်မလာသူ
ဘ၀ဟာ မင်းသားတစ်ယောက်လိုပါ
အရာရာဟာ အချစ်ရေ မတည်ငြိမ်ဘူး
ငါနေထိုင်လာခဲ့တဲ့နှစ်က
သုံးဆယ် မယုံနိုင်ဘူး
မယုံနိုင်ဘူး အို ရုပ်ရှင်ကြည့်ရသလို
ဘ၀ကဆန်းကြယ်တယ်
Thank you
LaYakeKho