❣️ မိုးငွေ့လေချီ ❣️
✍ မြင့်ထွန်းနိုင် ✍
ဆို ↔️ ဇော်ဝမ်း
💕 ♦♦♦ 💕 ♦♦♦ 💕
မိုး တစိမ့်စိမ့်
ဂျိုးတဂျိုမ့်ဂျိမ့် အစချီ
လရာသီ မျက်ဝန်း
လွမ်းငွေတွေ စွန်းပြီပေါ့ မေ
မိုးစက်သွန်း ခြွေ
ဖျန်းပေ မယ့်လေ
သတိတရ ရင်မှာ
လွမ်းငွေ့ဝေသော မောင့်သက်ထားဆီ
ကြည့်မဝ အပြင်မှာ
ပန်းတွေဝေသော ချစ်ရက်များပန်းချီ
ကတိအလှခြွေ သတိရစေဖို့
ဖန်လာသည် ..
ကြည်နူး စရာ့
ဒီမိုး လရာသီ ...။
💕 ♦♦♦ 💕 ♦♦♦ 💕
မိုး တစိမ့်စိမ့်
ဂျိုးတဂျိုမ့်ဂျိမ့် အစချီ
လရာသီ မျက်ဝန်း
လွမ်းငွေတွေ စွန်းပြီပေါ့ မေ
မိုးစက်သွန်း ခြွေ
ဖျန်းပေ မယ့်လေ
သတိတရ ရင်မှာ
လွမ်းငွေ့ဝေသော မောင့်သက်ထားဆီ
ကြည့်မဝ အပြင်မှာ
ပန်းတွေဝေသော ချစ်ရက်များပန်းချီ
ကတိအလှခြွေ သတိရစေဖို့
ဖန်လာ သည်
ကြည်နူး စရာ့
ဒီမိုး လရာသီ ...။
💕 ♦♦♦ 💕 ♦♦♦ 💕
ဂျိုးဂျိမ့်သံ မာန်တင်းကာပ
အသူရာ သိကြားမင်းက
စစ်ခင်းကာ ပြိုင်ကြသည်
ဪ.. ဂျိုးဂျိမ့်သံ မာန်တင်းကာပ
အသူရာ သိကြားမင်းက
စစ်ခင်းကာ ပြိုင်ကြသည်
ဒီလ ဒီရာသီ
တိမ်နီ တိမ်ပြာ
တိမ်မိလ္လာ ရောင်စုံသန်း
လွမ်းပါ လှသည်
တမ်းကာ တရည်
ပန်းအလှဝေရီ ၊ မှန်းဆလို့ပဲ
ဖြေမဆည် နိုင်တော့ သည် ..။
💕 ♦♦♦ 💕 ♦♦♦ 💕
ကောင်းကင်ယံထဲ က
မိုးပန်း တို့ ကြဲ
မစဲ အောင်
စွေနေ ပါသည်
မိုးရွာရင် ပျော်ကြသည်
မိုးရွာရင် ပျော်ရသည်
ဝသန်တွင်း ပေမို့
မောင်တစ်ရွာ မယ်တစ်မြို့
နေကြ သူတွေ
လွမ်းမမေ့ ရာသီ
အာရုံတွေ မေ့ဆီသွား
တဝဲဝဲ လည်နေတော့ သည် ..။
❣️ hlaingmyo19