မနဲ့မောင်
ဆို...မေဆွိ
U-Soe
Intro
.....
မနဲ့မောင် အကြောင်းတွေကို
လူတိုင်းကပြောပြီ
မရေရာတဲ့ သမီးရီးစားဘဝမှာ
ယောင်လည်လည်နဲ့ မ အဖြစ်ဟာ
ဒီလိုနဲ့ဘဲ အရိုးထုတ်ခါ
တံတွေးခွက်မျောတော့မှာ
အချိန်တွေဆွဲနေတာ
ဘာကြောင့်လဲမောင်ရာ ဘာလဲ
အသစ်တွေ့လို့နေလား
မောင့်အကြိုက် မောင်လိုအင်တွေကို
ငြိုငြင်တာမရှိဘူး
မ ကခွင့်လွှတ်ခဲ့တယ်
ချစ်တဲ့စိတ်တခုနဲ့
မောင့်ရဲ့အကြိုက်လိုက်တော့
မ မှာစိတ်အားငယ်
မောင်မုန်းရင် ဘယ်လိုနေရာမှာ
ဘယ်လိုနေကာပင်
ချစ်တဲ့စိတ်ကြိတ်မှိတ်လို့ဖြေ
မောင့်အတွက်နဲ့ မ အသည်းတွေအကုန်
တမြေ့မြေ့ကျွမ်းပြီကွယ်
......
အချစ်နတ်တွေရှိပါရင်
ချစ်သမီးပြောပါရစေ
မရေရာလှတဲ့ မောင့်ရဲ့စိတ်ကို
ခိုင်အောင်ဖန်ဆင်းပေးလှည့်ပါ
မောင်ဟာတကယ်ဘဲ မ ရဲ့သခင်
အသည်းထဲစွဲချစ်တယ်
မောင်ရယ်မုန်းမယ်ပြင်
အို...မ ရင်ခွင်. ခွဲလို့အသက်ရယ်ရှင်
မောင့်အကြိုက် မောင်လိုအင်တွေကို
ငြိုငြင်တာမရှိဘူး
မ ကခွင့်လွှတ်ခဲ့တယ်
ချစ်တဲ့စိတ်တခုနဲ့
မောင့်ရဲ့အကြိုက်လိုက်တော့
မ မှာစိတ်အားငယ်
မောင်မုန်းရင် ဘယ်လိုနေရာမှာ
ဘယ်လိုနေကာပင်
ချစ်တဲ့စိတ်ကြိတ်မှိတ်လို့ဖြေ
မောင့်အတွက်နဲ့ မ အသည်းတွေအကုန်
တမြေ့မြေ့ကျွမ်းပြီကွယ်
......
မောင့်အကြိုက် မောင်လိုအင်တွေကို
ငြိုငြင်တာမရှိဘူး
မ ကခွင့်လွှတ်ခဲ့တယ်
ချစ်တဲ့စိတ်တခုနဲ့
မောင့်ရဲ့အကြိုက်လိုက်တော့
မ မှာစိတ်အားငယ်
မောင်မုန်းရင် ဘယ်လိုနေရာမှာ
ဘယ်လိုနေကာပင်
ချစ်တဲ့စိတ်ကြိတ်မှိတ်လို့ဖြေ
ကြင်နာသူမောင့်အတွက်နဲ့ မ နှလုံးသား
တမြေ့မြေ့ကျွမ်းနေပြီ
...
မောင့်အတွက်နဲ့ မ နှလုံးသား
တမြေ့မြေ့ကျွမ်းနေပြီ
...
ကျေးဇူးတင်ပါတယ်