စန္ဒကိန္နရီ
တေးဆို - မေသက်ထားဆွေ
ဂန္ဓမာ စန္ဒာတောင်
စုံမြိုင်တန်းမှာ
ဖူးပွင့်ကြတဲ့ ပန်းမာလာ
သင်း... ရနံ့ကဖြာ
ငှက်ပေါင်းရယ် သာရကာ
သံစာစာနဲ့ မြူးထူးပျော်ကြရှာ
မြောင်ဖီလာ သီတာစွေသွန်ရေတံခွန်ဖြာ
မြအသွေးရယ် ကြည်လင်စွာ
ခွေကာရစ်လည် မြစ်နဒီစန္ဒပါ
သဲ ဗွေ သောင်ယံဦးမှာ
စန္ဒာစန္ဒီ ကိန္နရီတို့မှာ
ပန်းပေါင်းထွေထွေ ပြာရွှေနီဝါ
ဆင်မြန်းကာပဲ ကခုန်မြူးရှာ
နန်းမူနန်းရာ ဆန်းလှတာ
ရွှေလည်တွဲလို့ ချစ်ပွဲခံကာပျော်ကြရှာ
လှမ်းလှမ်း..ပ
မြန်းစို့ကိန္နရီ.. ကိန္နရာတူမကွာ
တွဲကာနွှဲကာ ၀ဲကာပျံကြ
တွဲကာနွှဲကာ ၀ဲကာပျံကြ
ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ
ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့ပါ
ဖိုမသံ ခေါ်ထူးလို့သာ
ငွေသောင်ယံ ရွှေတောင်ပံ
မခွဲရက်အောင် နွှဲယှက်ပျော်တာ
ထိုစဉ်အခါ ဗာရာသနင်း
မင်းဗြဟ္မဒတ် ဘုရင်ရာဇာ
ဖော်မပါ တစ်ကိုတည်းသာ
လေးတော်ထမ်းကာ မြိုင်တန်းဟေမ၀ါ
ရောက်လို့လာတာ
ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ရာ
ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ
မင်းဘုရင် အတင်းပင်
မြိုင်နန်းသူကိန္နရီ ဒေ၀ီခင်ရဲ့အပေါ်
မေတ္တာတော်မျှဖို့ကြံကာ
သူ့လင်သက်ဝေ ချစ်သူဆွေကို
ဇီဝိန်ကြွေအောင် စိန်စက်မြှားနဲ့
တအားပဲပစ်ကာ သနားမညှာမင်းဗြဟ္မဒတ်ရာဇာ
သြော်..ငွေမှုန် ကြဲ.. သဲသောင်ယံမှာ
လောင်းမြတ်ကိန္နရာ...
အို.. မြှားနဲ့ ခွင်း.. ပါလို့
ချစ်မယားမှာ သောက.... ဖြာ...
စီးကျ မျက်ရည်ထွေထွေ
လင်ရွှေတုံး ဂမုန်း..မယ့်သက်လျာ
အို.. ဆုံးပေါ့တစ်ခါ
အသည်းအူ.. ပူအောင်ဖန်လို့လာ
ပွေ့ယူ ရင်ခွင်ထဲမှာ
ငိုမစဲ.. ရှိုက်ငင်သည်းထန်စွာ...
ဒီအခါတွင် ဗြဟ္မဒတ်ဘုရင်မင်း
မျက်နှာချိုသွင်းကာ
ချစ်စကားပြောဖို့ အနားကိုကပ်ကာ
ပျိုကိန္နရီ မောင်ဖုရားကိုသနားပါ
မေတ္တာတော်မျှပါ
မိဖုရားတော်မြှောက်ကာ လက်ယာထားမှာ
ရက်စက်စွာပြောသော်လည်း
ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ
ရက်စက်စွာ ပြောသော်လည်း..
ချစ်လင်ကလွဲ ဖွဲဆန်ကွဲထင်တာ
အတင်း.. ငြင်း..
မချစ်နိုင်ပါ... သေး ပေမယ့်လည်း
မခွဲခွာဘူး မယ့်ချစ်ဦးသာ
သစ္စာဆို.. တိုင်တည်ထား
သိကြား မကာ အသက်ရှင်လာ
ပျော်မြူးစွာ ကိန္နရီကိန္နရာ
မောင်မယ်ချစ်ကြောင်း
နှစ်ပေါင်းတစ်ထောင်ပင်.. ကြာ...