တို့ရဲ့သီချင်းလေးကို မင်းခင်တွယ်တာလား
တို့ရဲ့ နှလုံးသား ကို မင်းကြင်နာတာလား
ကွဲပြားခြားနားတဲ့
အဖြေကို ရောနှောမပြစ်လိုက်နဲ့
သေချာပြန်လည်
စဉ်းစားကြည့်လိုက်ဦး …
မရေမရာ တွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာ ပြင်ရန်ခက်မယ်
မသေမချာ ဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကို ဆွေးရအောင်
ယာယီ လာမချစ်နဲ့ ကွယ် …
တို့ရဲ့သီချင်းထဲ မှာ မင်းသာယာတာလား
တို့ရဲ့နှလုံးသား ကို မင်းလိုချင်တာလား
မင်းရဲ့အတွင်း စိတ်က
ရည်ရွယ်ချက် ပြတ်ပြတ်သားသား
အချိန်ယူကာ အလေးအနက် ဆုံးဖြတ်ဦး …
ဖြူဖြူ စင်စင် ခင်နိုင်တယ်
သီချင်းလေးကြောင့် တို့ ကို စွဲလမ်းရင်
သီချင်းကလေး ငြီးငွေ့သလို မင်းအချစ်တွေ
ကြာရှည်ခိုင်မာ ဖို့ မလွယ် …
မှန်မှန်ကန်ကန် ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ ဘ၀ လာမဖျက်နဲ့ ကွာ
ကြိုတင် သတိပေးထားမယ် …
မှန်မှန်ကန်ကန် ဆင်ခြင်ကာ
နောက်ဆုတ်သင့်ခဲ့ရင် နောက်ဆုတ်ပါ
အေးချမ်းတဲ့ ဘ၀ လာမဖျက်နဲ့ ကွာ
ကြိုတင် သတိပေးထားမယ်…
မရေမရာ တွေဝေကာ
မှားယွင်းဆုံးဖြတ်မှာ စိုးမိတယ်
ရောရောထွေးထွေး လာမချစ်နဲ့ကွယ်
တော်ကြာ ပြင်ရန်ခက်မယ်…
မသေမချာ ဖြေသူရယ်
ခွဲခွဲခြားခြား ပြန်တွေးဦးကွယ်
နောက်တော့မှ တို့ကို ဆွေးရအောင်
ယာယီ လာမချစ်နဲ့ ကွယ် …
ယာယီ လာမချစ်နဲ့ ကွယ် …
ကြိုတင် သတိပေးထားမယ် …