သီချင်း - အချစ်တေးကဗျာ
တေးဆို - အောင်ထက်
ကဗျာတွေစီကာ အချစ်ဆုံးဖတ်ဖို့
နှလုံးသားဆီက စကားလုံးများ
အချစ်အဓိပ္ပါယ်ဖွင့်ဆို
နေချိန်အပြုံးပန်းတို့
ဖူးပွင့်မလားအချစ်နှုတ်ဖျား
သံစဉ်တွေနဲ့ ကိုယ်ရေးဖွဲ့တဲ့
တေးသွားလွင်လွင် ကိုယ့်သီချင်းများ
နားဆင်ရင်း တန်ပြန်အချစ်စိတ်တို့
ကိုယ့်အတွက်ထားနိုင်မလား
အလွမ်းအိပ်မက် ကိုယ်မမက်လိုပါ
စာနာစဉ်းစားပေးလှည့်ဦး
အချစ်ရေစီးမှာ အတူစုံမျှောချင်တာ
အတူဖန်တီးတဲ့အချစ်လှေကလေးနဲ့
ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒ္ဒရာ
အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ
တစ်သက်စာအတွက် အို မခမ်းခြောက်မဲ့
ကိုယ့်အချစ်များပေးဆပ်ရင်း
ပျော်နေမှာ
ကဗျာတွေစီကာ အချစ်ဆုံးဖတ်ဖို့
နှလုံးသားဆီက စကားလုံးများ
အချစ်အဓိပ္ပါယ်ဖွင့်ဆိုနေချိန်
အပြုံးပန်းတို့
ဖူးပွင့်မလားအချစ်နှုတ်ဖျား
သံစဉ်တွေနဲ့ ကိုယ်ရေးဖွဲ့တဲ့
တေးသွားလွင်လွင် ကိုယ့်သီချင်းများ
နားဆင်ရင်း တန်ပြန်အချစ်စိတ်တို့
ကိုယ့်အတွက်ထားနိုင်မလား
အလွမ်းအိပ်မက် ကိုယ်မမက်လိုပါ
စာနာစဉ်းစားပေးလှည့်ဦး
အချစ်ရေစီးမှာ အတူစုံမျှောချင်တာ
အတူဖန်တီးတဲ့အချစ်လှေကလေးနဲ့
ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒ္ဒရာ
အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ
တစ်သက်စာအတွက် အို မခမ်းခြောက်မဲ့
ကိုယ့်အချစ်များပေးဆပ်ရင်း
ပင်လယ်ကျော်ကာ ဖြတ်သန်းသမုဒ္ဒရာ
အချစ်ရဲ့ရေပြင်ကျယ်ကြီးထဲမှာ
တစ်သက်စာအတွက် အို မခမ်းခြောက်မဲ့
ကိုယ့်အချစ်များပေးဆပ်ရင်း
ပျော်နေမှာ
လား လား လား လား လာ လာ
အို မခမ်းခြောက်မဲ့
ကိုယ့်အချစ်များပေးဆပ်ရင်း
လာ လား လာ လား လာ လာ
အို မခမ်းခြောက်မဲ့
ကိုယ့်အချစ်များပေးဆပ်ရင်း
ပျော်နေမှာ
ဟူး.....
အချစ်များပေးဆပ်ရင်း