menu-iconlogo
huatong
huatong
avatar

လူလိမ္မာ

မြန်မာပြည်သိန်းတန်huatong
💃🇲🇲💃minKhent💃🇲🇲💃huatong
লিরিক্স
রেকর্ডিং
Lyrics

လူလိမ္မာ

မြန်မာပြည်သိန်းတန်

ဘ၀ခရီး အစအလယ်အဆုံး

မရဏမီး

ကျွမ်းလောင်ချုပ်ပျောက်ပျက်စီး

အမှောင်မှာ မွေးလာ လာချင်းအတူ

အနေမတူ ခြားနားစွာ

ပန်းတိုင်ဟာ မတူ

အို အလင်း အလင်ကို

အမှောင်ထဲမှရှာ

လိမ်မာ ရုန်းထွက်လို့ 

လွတ်နိုင်သူသာ

ငါသည် မုချသေရဦးမည်

အချိန်သည် နည်းနည်းသာ

ငါ့အတွက်ကျန်သည်

အဲ့သလို နှလုံးသွင်းလိုက်ရင်

အလောတကြီးနဲ့ ဘာလုပ်မလဲ

ငါ့အချိန် သိပ်မရှိတော့ပြီ

အရေးတကြီးနဲ့ ဘာလုပ်မလဲ

လူ့ဘ၀ခနလေး

ပျော်ပျော်နေလိုက်ပါ

ဒီလိုပျော်လေ

လက်ခံယုံရမလား

ကံသာအမိအဖ ကံပြုသမျှ

လည်စင်းပြီး ခံမလား

သာသနာတွင်းသာ

အဖိုးတန်နေတုန်းခါ

သူတော်ဆည်းကပ်

သစ္စာမြတ်တရားနာ

လျော်စွာနှလုံးသွင်း

အမှောင်ခွင်းအလင်း

အလင်းတွေ့ အောင်သာ အိုး ....

သုတ၀ါ အရိယာသာဝကော

ဘ၀ခရီး အစအလယ်အဆုံး

မရဏမီး

ကျွမ်းလောင်ချုပ်ပျောက်ပျက်စီး

ငါသည် မုချသေရဦးမည်

အချိန်သည်

နည်းနည်းသာငါ့အတွက် ကျန်သည်

လောင်စာရှိရင် မီးမငြိမ်းပါ

ခန္ဓာ မီးမရဏ လောင်စာ

နောင်တဖန် ရုပ်နာမ် မရှိမှသာ

သေမင်း အရှုံးပေးရတဲ့ လူလိမ္မာ

မရဏမီး မနှိပ်စက်နိုင်တဲ့ နေရာ

သေမင်း လိုက်လို့ မမီတဲ့ နေရာ

သေမင်း အရှုံးပေးတဲ့ နေရာ

တစ်ခုရှိသည်

အရောက်သွားမည် အချိန်မီ

မရဏမီး မနှိပ်စက်နိုင်တဲ့ နေရာ

သေမင်း လိုက်လို့ မမီတဲ့ နေရာ

သေမင်းအရှုံးပေးတဲ့ နေရာ

တစ်ခုရှိသည်

အရောက်သွားမည် အချိန်မီ

မရဏမီး မနှိပ်စက်နိုင်တဲ့နေရာ

သေမင်း လိုက်လို့ မမီတဲ့နေရာ

သေမင်း အရှုံးပေးတဲ့ နေရာ

တစ်ခုရှိသည်

အရောက်သွားမည် အချိန်မီ

ပြီးပါပြီ

MinKhent

မြန်မာပြည်သိန်းတန် থেকে আরও

সব দেখুনlogo
မြန်မာပြည်သိန်းတန်-এর လူလိမ္မာ - লিরিক্স এবং কভার