ခရေပင်အိုပေါ်မှာ
ဥသြညို
နွေရာသီ အဖော်ရှာ
မှတ်တမ်းကို
ကိုယ်ရင်ခုန်အောင်ဆို
ငိုနေသလား
အဆွေးပို
သံသရာစက်ဝန်းမှ
ချစ်ကံခေ
ပန်းကံကော်မြေ
အရိပ်မှာလေ
သူအလာ စိန်ပန်းတို့
ကျဲရာကြွေ
အသည်းကွဲဖူးတာ နွေ
အိုး ဟိုး ရင်မှာအချစ်
နွေရက်ကလေးမို့
ဟန်တင်းလို့
အိုး ဟိုး အကြင်နာအချစ်
ဘယ်ဝဋ်ကြွေးတို့ ရှိသေးလို့
အိုး ဟိုး ဝေဒနာအလွမ်း
ကိုယ့် ကမ္ဘာမှတ်တမ်းနွေ
ခြေသံတွေလိုလို
ကိုယ်ကြားနေ
သူကိုယ်ရောင်ကွယ်ကာ
လာသလားလေ
နွေခြေရာထင်ကျန်
ရင်ခွင်ကြားအဆွေးပို
ကိုယ်တိုင် ခံစားမှ
ချစ်တာတွေ
ဘဝနဲ့ယှဉ်ကာ အခက်ဖြာဝေ
ခြေသံ ကိုယ်ကြားလို့
အကြည့်မှာလေ
သစ်ရွက်ကလေး တေလေ
အိုး ဟိုး ရင်မှာအချစ်
နွေရက်ကလေးမို့
ဟန်တင်းဆဲ
အိုး ဟိုး အကြင်နာအချစ်
ဘယ်ဝဋ်ကြွေးတို့ ရှိသေးလဲ
အိုး ဟိုး ဝေဒနာအလွမ်း
ကိုယ့် ကမ္ဘာမှတ်တမ်းနွေ
ခြေသံတွေလိုလို
ကိုယ်ကြားနေ
သူကိုယ်ရောင်ကွယ်ကာ
လာသလားလေ
နွေခြေရာထင်ကျန်
ရင်ခွင်ကြားအဆွေးပို
ကိုယ်တိုင် ခံစားမှ
ချစ်တာတွေ
ဘဝနဲ့ယှဉ်ကာ အခက်ဖြာဝေ
ခြေသံ ကိုယ်ကြားလို့
အကြည့်မှာလေ
သစ်ရွက်ကလေး တေလေ
အိုး ဟိုး ရင်မှာအချစ်
နွေရက်ကလေးမို့
ဟန်တင်းလို့
အိုး ဟိုး အကြင်နာအချစ်
ဘယ်ဝဋ်ကြွေးတို့ ရှိသေးလို့
အိုး ဟိုး ဝေဒနာအလွမ်း
ကိုယ့် ကမ္ဘာမှတ်တမ်းနွေ
အိုး ဟိုး ရင်မှာအချစ်
နွေရက်ကလေးမို့
ဟန်တင်းဆဲ
အိုး ဟိုး အကြင်နာအချစ်
ဘယ်ဝဋ်ကြွေးတို့ ရှိသေးလဲ
အိုး ဟိုး ဝေဒနာအလွမ်း
ကိုယ့် ကမ္ဘာမှတ်တမ်းနွေ
ရဲနိုင်