သီချင်း - လွမ်းနေလို့
တေးဆို - Aye Mya Phyu
Composed by Lin Htet Koko
Pianist Dr.Zwe
Violinist Saw Ya Tha Kler
ဟိုးအရင်ကလိုမျိုး နင့်ဘေးမှာရှိချင်လို့
ကြိုးစားခဲ့သမျှအရာမထင်တော့လို့
ပြန်လွမ်းနေမိနေလို့ နင့်စကားသံလေးတွေတစ်ချို့
သတိရတဲ့အခါမျက်ရည်ဝဲလို့
အသည်းကွဲခန်းမှာငါဆိုတာက ဇာတ်ပို့တစ်ယောက်လိုမျိုး
အရံခန်းလေးထဲမှာ ခဏတဖြုတ်လေးသာ
မင်းဘေးနားငါရှိရင်ပျော်လွန်းလို့
အရမ်းလွမ်းနေလို့ အခွင့်သာတဲ့တစ်နေ့တော့ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့ တယုတယသိမ်းထားတဲ့အတိတ်တွေကို
နင်သိအောင်လို့ ငါပြောမပြချင်တော့လို့
ဟိုးအရင်ကလိုမျိုး နင့်အနားမှာရှိချင်လို့
ဆုတောင်းလေးမပြည့်တော့ ငိုနေမိလို့
နေ့တိုင်းမျှော်လင့်နေတုန်း နင့်ဖုန်းသံလေးတွေတစ်ချို့
လေလှိုင်းလေးကြားမှာ အလွမ်းသယ်ချင်မိလို့
အသည်းကွဲခန်းမှာငါဆိုတာက ဇာတ်ပို့တစ်ယောက်လိုမျိုး
အရံခန်းလေးထဲမှာ ခဏတဖြုတ်လေးသာ
မင်းဘေးနားငါရှိရင်ပျော်လွန်းလို့
အရမ်းလွမ်းနေလို့ အခွင့်သာတဲ့တစ်နေ့တော့ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့ တယုတယသိမ်းထားတဲ့အတိတ်တွေကို
နင်သိအောင်လို့ ငါပြောမပြချင်တော့လို့
မင်းမရှိလို့မဖြစ်တဲ့ဘဝကိုရက်စက်ခဲ့ပေမယ့်
အငြှိုးအတေးမရှိပါ နင့်ကိုငါချစ်လို့
အရမ်းလွမ်းနေလို့ အခွင့်သာတဲ့တစ်နေ့တော့ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့ တယုတယသိမ်းထားတဲ့အတိတ်တွေကို
နင်သိအောင်လို့ ငါပြောမပြချင်တော့လို့
အရမ်းလွမ်းနေလို့ အခွင့်သာတဲ့တစ်နေ့တော့ငါ့ရင်ကို
နင်လမ်းကြုံတဲ့အခါ ခဏတဖြုတ်ဝင်ခဲ့ဖို့
မမေ့ရက်နိုင်လို့ တယုတယသိမ်းထားတဲ့အတိတ်တွေကို
နင်သိအောင်လို့ ငါပြောမပြချင်တော့လို့
နင်သိအောင်လို့ငါပြောမပြနိုင်တော့လို့