ပြန်လမ်းမရှိပါ မင်းအချစ်မှာငြိတွယ်နေခဲ့မိ
ငါဟာငါမဟုတ်တော့သလို မင်းကြိုးကိုင်
နင်အသုံးပြုပါ ပြေးမထွက်နဲ့
ငါ့ရင်ဘတ်ထဲက အချစ်တွေပိုင်တာ မင်းပဲ
တကယ်ဆိုမင်းနဲ့ ပတ်သက်တာတွေမှန်သမျှ
ယဉ်ယဉ်လေးနဲ့ ငါရူးသွပ်နေသူပါ
အကြိမ်ဖန်များစွာ ငါ့နှလုံးသားမှာခိုနားပါ
ဒီကမ္ဘာထဲ နင်တစ်ယောက်တည်း
အရာရာကိုငါ အရူံးပေးထား
အချစ်ရဲ့ကျေးကျွန်ပါ
မအားသေးဘူး
မင်းနဲ့ပက်သက်လာရင် အားမနာဘူး
Lisa ပဲဆက်နေပါစေ ဖုန်းမကိုင်ဘူး
ပထမဦးစားပေး မင်းကိုရူး
သီချင်းအသစ်များလည်း
ရေးစပ်ပြီးတော့သီကုံး မင်းနားထောင်ဖို့
Nightout မထွက်ဖို့ မင်းစကားပဲ
အမြဲကြားယောင်လို့
မင်းနဲ့ ဖုန်းတွေပြောရင် မိုးလင်းတာမို့
ဘော်ဒါတွေတောင် ငြိုငြင် ကြိမ်းမောင်းကာနေ
လိမ္မာပါတော့ ကျနော်ဟာသူမအတွက်ဆို
အမြဲလို လိမ္မာတာပေါ့
အရင်လိုပုံမျိုးနဲ့ အခုပုံစံ တစ်ခြားဆီ
Player စတိုင်မျိုးတွေ မလုပ်တော့ပါ
သူနဲ့စတွေ့ကတည်းက
အချိုးတွေပြောင်းကုန်တာ သူမရဲ့စေညွှန်ရာ
သူမရဲ့ အပြုံးတွေအောက်မှာ
ကျေနပ်ကာငါ ပျော်နေလို့
စိတ်ချမ်းသာကာ ငါနေပြီမို့
တကယ်ဆိုမင်းနဲ့ ပတ်သက်တာတွေမှန်သမျှ
ယဉ်ယဉ်လေးနဲ့ ငါရူးသွပ်နေသူပါ
အကြိမ်ဖန်များစွာ ငါ့နှလုံးသားမှာခိုနားပါ
ဒီကမ္ဘာထဲ နင်တစ်ယောက်တည်း
အရာရာကိုငါ အရူံးပေးထား
အချစ်ရဲ့ကျေးကျွန်ပါ
ဒီကမ္ဘာထဲ နင်တစ်ယောက်တည်း
အရာရာကိုငါ အရူံးပေးထား
အချစ်ရဲ့ကျေးကျွန်ပါ
ဘေးနားကပ်လို့ထား ချိန်းတွေ့တဲ့နေ့များမှာ
ရင်ခုန်သံတွေဟာ သိပ်မြန်
ဒီလူရင်မှာ ဗလောင်ဆူနေပြီ လေယဉ်ပျံ စက်သံ
မိုးသားထဲ ဝဲပျံလို့ (ဝဲပျံလို့)
မင်းနဲ့အတူရှိတဲ့ အချိန်တွေ တန်ဖိုးဖြတ်မရလို့
ဘဝမှာ မင်းရှိရင်တော်ပြီ အားလုံးထက်ပျော်သည်
လုံလောက်တယ် ဘေဘီ
အရာအားလုံးထက် အရေးပါတယ်
မင်းနှုတ်ခမ်းက အပြုံး
နတ်သက်ကြွေပြီး ကျလာတဲ့ နတ်သမီးတောင်ရှုံး
ဘဝ တစ်ကွေ့မှာ ဆုံတွေ့ဖို့ ဖန်တီးတဲ့ဖူးစာ
မင်း တစ်ယောက်အပေါ်ထားရှိတဲ့
ငါ့မေတ္တာ ရူးခါ
ရိုးသားစွာ မင်းအချစ်မှာ ဒူးထောက်
ယှဉ်နိုင်သူမရှိတော့ပါ
ငါ့ရင်ထဲမှာ နောက်တစ်ယောက်
ကျေနပ်ကာငါ ပျော်နေလို့
စိတ်ချမ်းသာကာ ငါနေပြီမို့ Yeah!
တကယ်ဆိုမင်းနဲ့ ပတ်သက်တာတွေမှန်သမျှ
ယဉ်ယဉ်လေးနဲ့ ငါရူးသွပ်နေသူပါ
အကြိမ်ဖန်များစွာ ငါ့နှလုံးသားမှာခိုနားပါ
ဒီကမ္ဘာထဲ နင်တစ်ယောက်တည်း
အရာရာကိုငါ အရူံးပေးထား
အချစ်ရဲ့ကျေးကျွန်ပါ
ဒီကမ္ဘာထဲ နင်တစ်ယောက်တည်း
အရာရာကိုငါ အရူံးပေးထား
အချစ်ရဲ့ကျေးကျွန်ပါ
အချစ်ရဲ့ကျေးကျွန်ပါ