menu-iconlogo
huatong
huatong
avatar

အပျိုကြီး

Cherry Thinhuatong
লিরিক্স
রেকর্ডিং
သီချင်း - အပျိုကြီး

Composer =Htet Hlyam Hmue

Artist =Cherry Thin

Music =Mikhel Shine

Mixing =Byad da

ရည်းစားရှိလို့လားလို့လှောင်သလိုလာလာမမေးနဲ့

ဒီမှာရွေးရခက်အလန်းတကာ့အလန်းတွေ(ခါချနေရတယ်)

အလုပ်မရှိကိုယ့်ဒုက္ခတော့ကိုယ်မရှာချင်ဘူးကွယ်

ဒီမှာဒို့တော့ဘဝတစ်သတ်

အလှမပျက်ဖို့ရယ်ယောကျ်ားမယူဘူးကွယ်

မိဘနှစ်ပါးရဲ့ကျေးဇူးလည်းငါဆပ်ချင်ပါသေးတယ်

မပြောကောင်းလွန်းတဲ့ပုရိသတွေစွတ်ယုံရင်မှားလိမ့်မယ်

အခုတစ်မျိုးတော်ကြာတစ်မျိုး

ဒါယောကျ်ားလေးတို့အမျိုး

အရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

အပြောတစ်မျိုးအလုပ်တစ်မျိုး

လိုတစ်မျိုးမလိုတစ်မျိုးဒါယောကျ်ားလေး

ဒို့အချိုးကြိုမြင်လို့မငိုချင်အပျိုကြီးပဲလုပ်မယ်ဗျို့

မိဘနှစ်ပါးရဲ့ကျေးဇူးလည်းငါဆပ်ချင်ပါသေးတယ်

အပြောကောင်းလွန်းတဲ့ပုရိသတွေစွတ်ယုံရင်

မှားလိမ့်မယ်

တစ်ကိုယ်တည်း

အပျိုကြီးတစ်ယောက်တည်းပဲနေမည်

အပျိုကြီးလုပ်အရိုးထုတ်မည်ဇာတ်ထုပ်ထဲက

ကိ္န္နရီကိန္နရာတွေလိုမေတ္တာမျိုးနဲ့ချစ်ချင်ပါသည်

မရှိနိုင်မှန်းသိလို့အချစ်နဲ့ကင်းအောင်ရှောင်

(ဒို့တစ်ရွာလုံးကတော့အပျိုကြီးပဲလုပ်မှာဟေ့)

အခုတစ်မျိုးတော်ကြာတစ်မျိုး

ဒါယောကျ်ားလေးဒို့အမျိုး

အရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

အပြောတစ်မျိုးအလုပ်တစ်မျိုး

လိုတစ်မျိုးမလိုတစ်မျိုးဒါယောကျ်ားလေး

အချိုးကြိုမြင်လို့မငိုချင်လို့

No No အဝေးကိုဒိုး

အခုတစ်မျိုးတော်ကြာတစ်မျိုးဒါယောကျ်ားလေး

ဒို့အမျိုးအရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

အပြောတစ်မျိုးအလုပ်တစ်မျိုးလိုတစ်မျိုးမလို

တစ်မျိုးဒါယောကျ်ားလေးတို့အချိုး

ကြိုမြင်လို့မငိုချင်လို့အပျိုကြီးပဲလုပ်မယ်ဗျို့

Cherry Thin থেকে আরও

সব দেখুনlogo
Cherry Thin-এর အပျိုကြီး - লিরিক্স এবং কভার