အေးမြတဲ့လေ
ဆောင်းတွင်းနွေ
မေ့မရတဲ့အခြေအနေ
အကြောင်းတွေးနေ
တောင်ပေါ်မှာ
ဖူးပွင့်တဲ့ အမှတ်တရတွေ
ကော်ဖီနံ့သင်းသင်းလေး တမ်းတနေ
စတွေ့တဲ့အခိုက်မှာ သူ့ပုံစံလေး
စကားလေးလဲဝဲ အပြစ်ကင်းစင်သေး
ခိုးခိုးပြီးကြည့်မှာ
တဖြေးဖြေးချင်းငြိပါ
ပန်းလေးများတောင် မင်းကို ဦးညွှတ်ပေး
ဆွတ်ခူးဖို့ရွယ်
တကယ်ပင်လှမ်း
ဖွင့်ဖူးခဲ့တယ်
ချယ်ရီပန်း
ပန်ရဖို့ကို
ဘယ်ဆီမှန်း
ပျောက်ဆုံးခဲ့တယ်
ကိုယ်တခြမ်း..
မြူနှင်းလေးများရဲ့ အထဲ
ဒီပန်းလေးလှနေတယ်
ဘာပန်းလဲမေးချင်ရဲ့
ချယ်ရီပန်းလို့ပြောတာပဲ
သူ့ အနားတိုးကပ်တာနဲ့
ရှက်ပါးလေးများဟာ ရဲ
သူမရဲ့ အလှဟာလဲ
ချယ်ရီပန်းလေးများလိုပဲ
မွှေးတယ်
Yah
ချယ်ရီပန်းလေးက မွှေး
တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့
Yah
မြေပြန့်သားလေးရဲ့ အချစ်ကို
ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့
...
နှုတ်ဆက်လို့ထွက်ခွာ
မွေးရပ်မြို့ဆီ
လမ်းခွဲခြင်းများဟာ
ငါ့အတွက်ရိုးအီ
တစ်ချိန်ချိန်မှာ ပြန်ဆုံနိုင်ဖို့ရွယ်
ချယ်ရီတွေ မကြွေအောင်
ဆုတောင်းတယ်
မင်းရှိတဲ့အရပ်ကို
တွေးမှတ်လို့ရယ်
နွေးထွေးတဲ့အချစ်တွေ
အမြဲတမ်းပို့မယ်
သင့်ရာမှာ နင်လေ ပွင့်ဖူးကွယ်
မခြွေနိုင်ပါ ကိုယ်လေ ကျေနပ်တယ်
Ya
မတွေ့ဖြစ်တာ နှစ်လကြာ
မင်းငါ့ကို မေ့သွားမှာ
တွေးပြီးရင်မော
စိုးထိတ်နေသော
ကိုယ့်ရဲ့အတွေးများစွာ
မြို့ပြမှာ ရှားပါးတာ
ငြိမ်းချမ်းတဲ့ အချစ်များပါ
မောပမ်းစွာနဲ့
နိုးထလာခဲ့
ဆောင်းအိပ်မက်များဟာ
မြူနှင်းလေးများရဲ့ အထဲ
ဒီပန်းလေးလှနေတယ်
ဘာပန်းလဲမေးချင်ရဲ့
ချယ်ရီပန်းလို့ပြောတာပဲ
သူ့ အနားတိုးကပ်တာနဲ့
ရှက်ပါးလေးများဟာ ရဲ
သူမရဲ့ အလှဟာလဲ
ချယ်ရီပန်းလေးများလိုပဲ
မွှေးတယ်
...
ချယ်ရီပန်းလေးက မွှေး
တောင်ပေါ်လမ်းလေးက ရွေးချယ်ခဲ့
...
မြေပြန့်သားလေးရဲ့ အချစ်ကို
ပြန်လည်ပြီးတော့ မငြင်းဆိုနဲ့
...
ဒီမြို့လေးရဲ့အဝေးမှာ
ကိုယ်ဟာ လွမ်းချင်း တေးကဗျာဖွဲ့
...
ချယ်ရီပန်းလေးနဲ့ မင်းဟာ
ရင်ခုန်ခြင်းများ ဖြစ်လာခဲ့