ဘာဆိုဘာမှမရှိ သီချင်းပဲ
ညည်းတဲ့ဘဝတွေ ထဲ
နင်ဟာ အလင်းတန်းလေး
တစ်ခုအဖြစ်နဲ့ရောက်လာတယ်
ကမ္ဘာဟာ ပြောင်းလဲခဲ့
အချစ်တစ်ခုရဲ့စွမ်းအင်ကြောင့်ပါပဲ
ငါလည်း~ချစ်မိခဲ့ပါတယ်..
ပူလောင်လွန်းတဲ့ဘဝ
အချစ်ကြောင့်အရိပ်ရစေခဲ့
ကိုယ်တို့ဝေးပြီးနောက်
ဖြစ်မယ့်အကြောင်းများမတွေးပါနဲ့
ပျောက်ဆုံးခဲ့တဲ့ နေ့ရက်တို့အလင်းပြပေးပါကွယ်
ဒါလည်း အချစ်တစ်ခုကြောင့်သာရယ်
- ဟိုး..
ငါ့ဘဝတစ်ခုလမ်းပျောက် နေချိန်
နင်ဟာလမ်း..ပြပေး..လို့ကူ..
Oh.. Oh.. Oh.. Ohh..
မှောင်မိုက်ခဲ့တဲ့ အတွေးညတွေဆို
ဘယ်သူမှအနားနား မရှိ..ခဲ့ဘူး
နင်ဟာလမင်း..ငါ့..ဘဝရဲ့
ညအလင်း~..
ကိုယ့်အတွက်အမြဲစိတ်ညစ်ရ မင်းပတ်ဝန်းကျင်မှာ
အသိုင်းအဝိုင်းက မိုးနဲ့မြေခြား
စွန့်လွှတ်ပြီးချစ်ခဲ့သမျှမင်း..အတွက်တန်ရဲ့လား?
မင်းမရှိလို့မဖြစ်တော့တဲ့ဘဝ..
မဆုံစည်းပေးမယ့်
ရေစက် မကုန်သေးနိုင်လို့..
ကံတရားကိုပဲ
အပြစ်လွဲနေမိတာမျိုး..
အမှန်အမှားကိုမသိ
ငါတို့တွေဆက်တိုး..
မင်းအလင်းပဲကိုးကွယ်
မင်းအနားပဲရှိ တယ်
- ဟိုး..
ငါ့ဘဝတစ်ခုလမ်းပျောက် နေချိန်
နင်ဟာလမ်း..ပြပေး..လို့ကူ..
Oh.. Oh.. Oh.. Ohh..
မှောင်မိုက်ခဲ့တဲ့ အတွေးညတွေဆို
ဘယ်သူမှအနားနား မရှိ..ခဲ့ဘူး
နင်ဟာလမင်း..ငါ့..ဘဝရဲ့
ညအလင်း~..
နင်ဟာညအလင်း~.. Oh..
နင်ဟာညအလင်း~.. Oh...
လမ်းပျောက်သူ
ရှာရင်တွေ့ မရှိတဲ့သူ ကြာရင်မေ့
စကားများကို နားထဲ ကြားလို့ ဝိုး~
ထားခဲ့တယ်အမှောင်ထုထဲ
ဘဝတစ်ခုဟာ ကယ်သူ မဲ့
အလင်းရှိရာရှာဖွေမိ~လို့..အို~ဟို..
06:14SATMAY172025DAISY