သီချင်း - နီးနီးလေးနဲ့ဝေး
တေးဆို - Doublej
ဝေး အတူတူဆုံချိန်တိုင်းလည်း
ဒို့နှစ်ယောက်ဝေး အရင်လိုပြန်မဖြစ်တော့တဲ့ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ကြိတ်ငိုကြွေး
တကယ်ဆိုနီးနီးလေးနဲ့ဝေး
အတူတူကိုင်ဆုပ်ထားတဲ့
လက်တွေအေး အရောင်တွေမြှိန်ကာသွားခဲ့
ဓါတ်ပုံလေး ချစ်လျက်မာနများခြား
ဒို့အဆုံးသတ်ကိုကြိုတွေးမရ …..
နီးနီးလေးလည်းဒို့နှစ်ယောက်မရှိနိုင်ဘူး
အဝေးဆုံးပြေးဖို့လည်းခွန်အားမရှိဘူး
စုပ်ရင်လည်းဆူး စားရင်လည်းရူး
မြိုသိပ်ထားတဲ့စကားများပြောမထွက်ခဲ့ဘူး
အရင်လိုအပြုံးတွေလည်း
မင်းဆီမှာငါမတွေ့တော့ တယ်လီဖုန်းတွေလည်း
ပြောဖြစ်ရင်ခဏလေးပေါ့ ချစ်သေးရဲ့လားလို့တောင်
ငါမမေးတော့ ပြိုလဲတော့မယ့်
ဒို့နှစ်ယောက်ရဲ့ ကမ္ဘာလေးရော
အပေါင်းသင်းလည်းများ မင်းက Social ကျ မတူတဲ့
အသိုင်းအဝိုင်းကြားရှေ့ဆက်နေခဲ့ရ
ယုံကြည်မှုတို့ကတဖြည်းဖြည်းပျောက်ဆုံးသွား
အေးစက်စက်စကားများကို
ငါအကြောက်ဆုံးပါ
ပြိုင်မြဉ်းများအလား
နီးလေးရက်နဲ့ဆန့်ကျင်ဘက်ကို
ပြေးသွား တကယ်ချစ်တိုင်းလည်းမငြား
အဲ့ဒီစကားကဒို့နှစ်ယောက်အတွက်ပဲလား
ဝေး အတူတူဆုံချိန်တိုင်းလည်း
ဒို့နှစ်ယောက်ဝေး အရင်လိုပြန်မဖြစ်တော့တဲ့ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ကြိတ်ငိုကြွေး
တကယ်ဆိုနီးနီးလေးနဲ့ဝေး
အတုတူကိုင်ဆုပ်ထားတဲ့ လက်တွေအေး
အရောင်တွေမြှိန်ကာသွားခဲ့ဓါတ်ပုံလေး
ချစ်လျက်မာနများခြား
ဒို့အဆုံးသတ်ကိုကြိုတွေးမရ …..
မီးတောက်လိုလောင်ကြွမ်းလို့လာခဲ့
ပြိုင်မျဉ်းနှစ်ကြောင်းလို
ပြိုင်တန်းလွန်းပါရဲ့
အနာဂတ်တခုကိုခန့်မှန်းလို့မရဘဲ
ဝေဝါးစွာမက်ခဲ့ အိမ်မက်များလည်း
အားလုံးပျက်ဆီးအားလုံးပြိုလဲ
တင်းလွန်းတဲ့ကြိုးတစ်ခုဟာ ပြတ်တယ်တဲ့
နှလုံးသားချင်းနီးပေမယ့် အဆက်သွယ်မဲ့
ဘယ်သူမှားလဲဘယ်သူ့အပြစ်တွေလဲ
အချစ်ထက်အရေးကြီးတာတွေရှိသေးတယ်
ယုံစားမရတဲ့မင်းကတိတွေထပ်မပေးနဲ့
နှလုံးသားထက်ဦးနှောက်ကိုတို့တွေရွေးခြယ်
အနည်းဆုံး တော့
မင်းအနားမှာရှိပေးခဲ့
ပြိုင်မြဉ်းများအလား
နီးလေးရက်နဲ့ဆန့်ကျင်ဘက်ကိုပြေးသွား
တကယ်ချစ်တိုင်းလည်းမငြား
အဲ့ဒီစကားကဒို့နှစ်ယောက်အတွက်ပဲလား
ဝေး အတူတူဆုံချိန်တိုင်းလည်း
ဒို့နှစ်ယောက်ဝေး အရင်လိုပြန်မဖြစ်တော့တဲ့ရှေ့ရေး
ကိုယ်စီဒဏ်ရာများနဲ့ကြိတ်ငိုကြွေး
တကယ်ဆိုနီးနီးလေးနဲ့ဝေး
အတူတူကိုင်ဆုပ်ထားတဲ့ လက်တွေအေး
အရောင်တွေမြှိန်ကာသွားခဲ့ဓါတ်ပုံလေး
ချစ်လျက်မာနများခြား