သီချင်း - ကိုတေလေ
တေးဆို - အိမ့်ချစ်
မင်းဆံပင်လေး ဖြတ်လိုက်ပါလား
အို စိတ်တိုတာလေး နည်းနည်းလျော့
လက်သည်းအရှည်လေးညှိကြည့်ပါဦး
မင်းစိတ်တဇွတ်ထိုးမောရသည်
မင်းပုံစံလေး ဂျစ်ကန်ကန်နဲ့
အသိုင်းအဝိုင်းတွေကြားမင်းသတင်းစွာ
ညဘက်အပြင်ထွက်လျှောက်လွင့်နေတော့
စိတ်ပူသူပဲရူးမှာပါ
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကအပြစ်တင်ကဲ့ရဲ့စကားတွေမခံချင်ဘူး
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကပြစ်တင်နှိမ့်ချအကြည့်တွေမခံချင်ဘူး
ချစ်သူငါပဲရူးတာ
ချုပ်ခြယ်သူလည်းမဖြစ်ချင်ဘူး
ပြင်လိုက်ကွာ တေလေရာ
မင်းမှန်တာလည်းတို့သိတာပဲ
အလိုက်အထိုက်နေတော့ အေးဆေးပါ
တစိမ်းသူစကားကြောင့် မယိမ်းပါဘူး
မင်းရဲ့အနောက်က ရှိလိမ့်မယ်
မင်းပုံစံလေး ဂျစ်ကန်ကန်နဲ့
အသိုင်းအဝိုင်းတွေကြားမင်းသတင်းစွာ
ညဘက်အပြင်ထွက်လျှောက်လွင့်နေတော့
စိတ်ပူသူပဲရူးမှာပါ
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကအပြစ်တင်ကဲ့ရဲ့စကားတွေမခံချင်ဘူး
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကပြစ်တင်နှိမ့်ချအကြည့်တွေမခံချင်ဘူး
ချစ်သူငါပဲရူးတာ
ချုပ်ခြယ်သူလည်းမဖြစ်ချင်ဘူး
ပြင်လိုက်ကွာ တေလေရာ
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကအပြစ်တင်ကဲ့ရဲ့စကားတွေမခံချင်ဘူး
ကိုတေလေ
နည်းနည်းလျော့ပါ နည်းနည်းထိန်းပါ
ကိုတေလေ
အများကပြစ်တင်နှိမ့်ချအကြည့်တွေမခံချင်ဘူး
ချစ်သူငါပဲရူးတာ
ချုပ်ခြယ်သူလည်းမဖြစ်ချင်ဘူး
ပြင်လိုက်ကွာ တေလေရာ
ကိုတေလေ
ကိုတေလေ
ကိုတေလေ
ကိုတေလေ…