menu-iconlogo
huatong
huatong
avatar

အချစ်စစ် ( True Love ) Single Version

ရွှေထူး ( Shwe Htoo )huatong
লিরিক্স
রেকর্ডিং
ကံကြမ္မာဆိုးမှာ ငါနဲ့မင်း မိုင်တွေ

ထောင်ချီရာ ဝေးလို့ နေတုန်းလေ

မထူးဆန်းဘူး အချစ်စစ်မှန်ရင်အခက်အခဲရှိတယ်

ဒါကိုနားလည်ရင်ဖြစ်တယ်

မျှော်လင့်ထားတဲ့အိပ်မက်များတစ်ချိန်ချိန်

အပြင်မှာရောက်လို့ လာမှာပေါ့လေ

ပျော်ရွှင်မှုတွေနဲ့ အတူတူလက်ကိုတွဲ

သွားစို့ကမ္ဘာမြေအဆုံးထိ ငါ့အတွက်

အစားထိုးမရသူပါ အရမ်းချစ်ရသူပါ

နင့်အနားမှာ အမြဲလိုရှိချင်တော့

စိတ်ဆိုးမလား

ရင်ခုန်သံများစွာ

မင်းမရှိရင် မဖြစ်တော့လို့

အတိုင်းထက်လွန်သည် ငါ့ရဲ့အချစ်တွေအား

မင်းနားလည်မှာပါ

ငါလေလွမ်းလို့ (လွမ်းလို့)

အိပ်လို့မပျော် (အိပ်လို့မပျော်)

သီချင်းတွေအချိန်အတွက်

မအားလို့ နားလည်ပေးသူ

တစ်ချက်ကိုမငြီးဘူး

အလိုက်သိတတ်လွန်းသူ

တစ်ချိန်မှာတို့နှစ်ယောက် (တို့နှစ်ယောက်)

လက်ထပ်မယ် (လက်ထပ်မယ်)

စိတ်ကူးယဉ်အိပ်မက်

အကောင်းဆုံးဖြစ်အောင်

ဆောက်မယ်

နားလည်မှုများနဲ့

သက်ဆုံးထိချစ်သွားမယ် မင်းဟာ

အစားထိုးမရသူပါ အရမ်းချစ်ရသူပါ

နင့်အနားမှာ အမြဲလိုရှိချင်တော့

စိတ်ဆိုးမလား

ရင်ခုန်သံများစွာ

မင်းမရှိရင် မဖြစ်တော့လို့

အတိုင်းထက်လွန်သည် ငါ့ရဲ့အချစ်တွေအား

မင်းနားလည်မှာပါ

ကလေးလေးတစ်ယောက်နဲ့

လူကြီးတစ်ယောက်ရဲ့ ဇတ်လမ်းတစ်ပုဒ်

အရမ်းချစ်ကြသတဲ့

ချစ်သူနှစ်ဦးအဖြစ် မှတ်တမ်းထိုး

လူတိုင်းအမြင်မှာတော့ စိတ်ကစားတယ်

ရုပ်ရှင်ဆန်ဆန်ပြဇာတ်လိုမျိုး

ပိတ်ကားဝယ်

ချစ်သူနှစ်ယောက် တန်ဖိုးထား

ရည်းစားဘ၀ အမှတ်တရ

များများစားစားမရှိပေမယ့်လည်း

တစ်ယောက်နဲ့တစ်ယောက်က အမှတ်ရ

ထားရှိပါတယ် အများမသိပါတယ်

တို့နှစ်ဦးကြားမှာ သံယောဇဉ်တွေ

အများကြီးပါပဲ Yo

တစ်ယောက်နဲ့တစ်ယောက် မိုင်တွေခြား

တွေ့ချင်သော်လည်း ငိုင်နေရ

စနောက်လို့ ကျီစယ်ရင်းရဲ့

ဘယ်သူပိုချစ်လည်း ပြိုင်နေကြ

ညဖက်ဆိုရောက်လာခဲ့

online မှာငါလေစောင့်ပါရဲ့

ချိန်းတဲ့အချိန် မရောက်လာခဲ့ရင်

ဆိုက်ကိုတွေဝင်ဖောက်လာတယ်

အစားထိုးမရသူ ဟုတ်တယ် အရမ်းချစ်ရသူ

မိန်းကလေး ဖုန်းပြောမ၀သူ

ညဖက်လွမ်းလို့မ၀သူ

..... ကဲ ထားပါတော့

အလွမ်းတို့မျှဝေကြတာပေါ့

နောက်ငါးနှစ်မှာ လက်ထပ်ပြီးရင်

ကမ္ဘာဆုံးထိ အတူသွားတာပေါ့

အစားထိုးမရသူပါ

အရမ်းချစ်ရသူပါ

နင့်အနားမှာ အမြဲလိုရှိချင်တော့

စိတ်ဆိုးမလား

ရင်ခုန်သံများစွာ

မင်းမရှိရင် မဖြစ်တော့လို့

အတိုင်းထက်လွန်သည် ငါ့ရဲ့အချစ်တွေအား

မင်းနားလည်မှာပါ