ပထမဆုံးနေ့ (Cover)
M : အသည်းထဲက ပြောတဲ့
ချစ်သောစကားတွေရယ်
တိုးတိုးလေးကြားလို့
တကယ်အားမရနိုင်တယ်
ရင်မှာသေချာအောင် သိခွင့်ပေးပါကွယ်
ရင်ခုန်ခြင်းများနဲ့
နားစွင့်လို့နေမယ်
F : နှလုံးသားခြင်း
သိနှင့်နေပြီးသားပါကွယ်
ပြောပြမှအားရမှာလား
မေ့မောင်ရယ်
လိုရာယူကြည်ဖြူစိတ်နဲ့
ချစ်ပါတယ်
ဒါဆိုနောက်တစ်ခေါက်
ထပ်ပြောဖို့လိုသလားကွယ်
M : ငြိမ်းချမ်းတဲ့
မောင့်ရဲ့ရင်ခွင်လေးထဲမှာ
ထွေးသိပ်လို့ပျော်ရွှင်စေမယ်
တကယ်ပါကွယ်
F : အေးမြတဲ့
မောင့်ရဲ့ရင်ခွင်လေး…ထဲမှာ
ခေါင်းကလေးဝှက်လို့ရှက်နေမယ်
M & F : ပန်းကလေးများခင်းတဲ့
ဒီလမ်းထက်ဆီဝယ်
ဖေးမလို့ တို့နှစ်ယောက်
လျှောက်လှမ်းကြမယ်ကွယ်
အကြင်နာတွေဖလှယ်
ဒီနေ့မှ စ ကာရယ်
အတူတူဆုံးတစ်သက်ထိ
ဆက်ချစ်ပါစို့ကွယ်
M : အသည်းထဲက ပြောတဲ့
ချစ်သောစကားတွေရယ်
တိုးတိုးလေးကြားလို့
တကယ်အားမရနိုင်တယ်
ရင်မှာသေချာအောင် သိခွင့်ပေးပါကွယ်
ရင်ခုန်ခြင်းများနဲ့
နားစွင့်လို့နေမယ်
F : နှလုံးသားခြင်း
သိနှင့်နေပြီးသားပါကွယ်
ပြောပြမှအားရမှာလား
မေ့မောင်ရယ်
လိုရာယူကြည်ဖြူစိတ်နဲ့
ချစ်ပါတယ်
ဒါဆိုနောက်တစ်ခေါက်
ထပ်ပြောဖို့လိုသလားကွယ်
M : ငြိမ်းချမ်းတဲ့
မောင့်ရဲ့ရင်ခွင်လေးထဲမှာ
ထွေးသိပ်လို့ပျော်ရွှင်စေမယ်
ထာဝစဉ်ကွယ်
F : အေးမြတဲ့
အချစ်ရဲ့ရင်ခွင်လေး…ထဲမှာ
ခေါင်းကလေးဝှက်.ရှက်လို့နေမယ်
M & F : ပန်းကလေးများခင်းတဲ့
ဒီလမ်းထက်ဆီဝယ်
ဖေးမလို့ တို့နှစ်ယောက်
လျှောက်လှမ်းကြမယ်ကွယ်
အကြင်နာတွေဖလှယ်
ဒီနေ့မှ စ ကာရယ်
အတူတူဆုံးတစ်သက်ထိ
ဆက်ချစ်ပါစို့ကွယ်
အတူတူဆုံးတစ်သက်ထိ
ဆက်ချစ်ပါစို့ကွယ်
သီဆိုပေးမူ့အတွက်
ကျေးဇူးတင်ပါတယ်ရှင့်