မငိုပါနဲ့ ကလေးရယ် -Examplez
PoeHakPhyu
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ
မငိုပါနဲ့ ကလေးရယ်
ကိုယ်လေအမြဲအားပေးနေမယ်
အချစ်များစွာ မင်းလေးအတွက်ပါကလေးရာ. .
Rap-စတွေ့တဲ့နေ့လေး တစ်ရက်မှာ
မင်းရဲ့အပြုံးကို ငါထိုင်ကြည့်ခဲ့
အချိန်တိုင်းပဲ လွမ်းနေမိတဲ့
ကြင်နာသူရဲ့ရယ်သံလေးတစ်ချက်
ငါ့စိတ်က မင်းအတွက်
ချစ်ခဲ့လွန်းလို့ စာနာပေးခဲ့
ငါချစ်တာ မင်းသိအောင်
ငါ့ဘက်ကနေ ဘယ်လိုလုပ်မလဲ
တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ
မြင်မြင်ချင်းကို ချစ်မိသွားလည်း
ငါ့ဘက်ကဖွင့်ပြောဖို့က
တကယ်တမ်းကျတော့ ခက်ခဲ
စိတ်ထဲပဲ ချစ်နေမိတဲ့
ငါ့ရဲ့အဖြစ်ကို ဘယ်သူသိမလဲ
မင်းသိအောင်လည်း ငါပြောပြချင်ပေမယ့်. . .
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ
မငိုပါနဲ့ ကလေးရယ်
ကိုယ်လေအမြဲအားပေးနေမယ်
အချစ်များစွာ မင်းလေးအတွက်ပါကလေးရာ. .
Rap-မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြောင့်
ငါလေမင်းကို လွမ်းနေရပီ
စူးရှတဲ့ အကြည့်လေးတစ်စုံကို
တမ်းတစွဲလမ်းမိပီ
မင်းကတော့ မင်းရဲ့အတိတ်က
ဇာတ်လမ်းအကြောင်းတွေ ငါ့ကိုပြောမည်
ငါ့ရင်မှာ ခံစားရတဲ့ ဒုက္ခတွေကို မင်းမသိပီ
ရည်းစားဟောင်းကို မေ့ပစ်လိုက်ပါ
သူ့ဘက်ကတောင် ပြတ်သားနေတာ
ငါ့ရဲ့ရင်ခွင်တစုံဟာ
မင်းအတွက် ခိုနားဖို့ပါ
ဒီလိုမျိုးစကားတွေ
ငါ့ဖက်ကလေ ပြောချင်ပေမယ့်
ပြောပြဖို့ခက်ခဲ
ငါ့ရဲ့စိတ်ကမင်းဆီမှာပဲ. . .
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ
မငိုပါနဲ့ ကလေးရယ်
ကိုယ်လေအမြဲအားပေးနေမယ်
အချစ်များစွာ မင်းလေးအတွက်ပါကလေးရာ. .
ငါမင်းကို စကားတခွန်း
လေးလေးနက်နက်ပြောချင်ပါတယ်. .
မင်းစိတ်ဓာတ်ကျနေတဲ့
အချိန်တွေတိုင်းမှာ ငါရှိနေမယ်. .
ဒါလေးတော့ပြောခွင့်ပေးပါ
ကြင်နာသူ အချစ်ဆုံးလေးရာ. .
ငါ့ဆီကအချစ်များစွာဟာ
မင်းအနားမှာ ရှိနေမှာပါ. .
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ. . .
မငိုပါနဲ့ ကလေးရယ်
ကိုယ်လေ အမြဲအားပေးနေမယ်
အချစ်များစွာ မင်းလေးအတွက်ပါကလေးရာ. . .
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ
မငိုပါနဲ့ ကလေးရယ်
ကိုယ်လေအမြဲအားပေးနေမယ်
အချစ်များစွာ မင်းလေးအတွက်ပါကလေးရာ. .
မငိုပါနဲ့ကွယ် ကိုယ်လေမင်းနားရှိနေမယ်
ဒီတသက်စာ ချစ်ခဲ့လို့ပါ. . . .
Thanks
PoeHakPhyu