သီချင်း - ဒီနေ့
တေးဆို - G fatt
ဒီနေ့ငါအလိုလိုဝမ်းနည်းနေတယ်အချစ်လေး
နေရာတကာမင်းမျက်နှာတွေဟာအပြည့်
ငါလွမ်းလို့ပါဘယ်နားမင်းပုန်းရှောင်နေ
ဒီနေ့အရာရာဘာတစ်ခုမှအဆင်ပြေတာမတွေ့
စုံတွဲများမျက်စိရှေ့
ဖြတ်လျှောက်သွားတိုင်းဟေ့
ငါဝမ်းနည်းစိတ်နဲ့ကျော်ဖြတ်မဲ့မနက်ဖြန်တွေ
ငါလမ်းခွဲမပေးနိုင်ဘူး
ဒီစကားကိုမှတ်ပါနင်နားစိုက်
မုန်းတယ်လို့ပြောမယ့်အစား
ငါ့ပါးကိုအချက်တစ်ရာအရင်ပါးရိုက်
အရမ်းလွမ်းတယ်
အရှေ့ရပ်ကနေမင်း
တဖက်မှာဝင်သွားတိုင်း
နောက်တနေ့အိပ်ရာထတော့
မင်းစိတ်နဲ့ မျက်နှာသစ်သွားတိုက်
အတူတူစားနေကြဆိုင်မှာ
မနက်စာထိုင်စားတော့
ဆိုင်ရှင်ကြီးကမေးတယ်
ဟေ့ကောင်မင်းကောင်မလေးရော
ငါဘာပြောရမှန်းကိုမသိပါ
ခေါင်းကိုငုံ့ပြီးတော့ကျလာတဲ့
မျက်ရည်စတွေကိုတစ်ရှုးနဲ့သုတ်ကာ
ဒီလိုနဲ့လှည့်ပြန်ခဲ့တယ်လျှောက်နေကျလမ်းပေါ်
ဒီချိန်ဆိုမင်းကအိပ်ရာထနေသေးမှာမဟုတ်ဘူးပေါ့
ငါဒီလိုစဉ်းစားမိပြန်တော့
ဘယ်သူများဖုန်းဆက်နှိုးမလဲ
တွေးပြီးစိတ်ပူရော
ဒီနေ့ငါအလိုလိုဝမ်းနည်းနေတယ်အချစ်လေး
နေရာတကာမင်းမျက်နှာတွေဟာအပြည့်
ငါလွမ်းလို့ပါဘယ်နားမင်းပုန်းရှောင်နေ
ဒီနေ့အရာရာဘာတစ်ခုမှအဆင်ပြေတာမတွေ့
စုံတွဲများမျက်စိရှေ့
ဖြတ်လျှောက်သွားတိုင်းဟေ့
ငါဝမ်းနည်းစိတ်နဲ့ကျော်ဖြတ်မဲ့မနက်ဖြန်တွေ
သူမကဒီကောင်းကင်နဲ့မြေကြီးရဲ့ကြားထဲက
ကျတော်အချစ်ဆုံးသူစိမ်းတစ်ယောက်ပါဗျာ
သူ့အတွက်ဆိုသူ့မိဘချမှတ်တဲ့
စည်းကမ်းနဲ့ဥပဒေလဲသပိတ်မှောက်မှာပါ
ကျွန်တော့်ရဲ့အလွမ်းတွေရဲ့ဆယ်ပုံပုံတစ်ပုံစာ
တစိတ်လောက်ပမာဏ
သူပြန်လွမ်းမယ်ဆို
အခုချိန်အငိုတောင်တိတ်လောက်ပ့ါမလား
တခါတလေစိတ်ကောက်စရာရှားလို့
ကျတော်ပြောသမျှ
စကားအားလုံးပုံပြင်တွေကြီးပဲဆိုပြီး
နှုတ်ခမ်းလေးဆူစိတ်ကောက်နေတတ်တာကိုပဲ
ပြန်ခုံမင်နေမိဒါနဲ့စကားမစပ်
ရုပ်ရှင်လက်မှတ်သွားဖြတ်ထားတယ်
တုံကင်တွေအမှီ
နင်ကြိုက်တဲ့မင်းသားနဲ့ မင်းသမီးရဲ့
ဇာတ်ကားတွေသမ္မတမှာရုံတင်နေပြီ
အိမ်ကခိုးထွက်ခဲ့
နင့်အမေဆူရင်အရင်လိုပဲ
ငါပဲခါင်းခံမှာပေါ့
တချိန်ကငါတို့အတွက်နဲ့
စိတ်ရှုပ်ခဲ့ရတဲ့လူကြီးတွေလဲ
တောင်းပန်ကာပြော
Messageတစ်စောင်တော့အကြောင်းပြန်ပါနော်
နင့်ဖုန်းကအဲဗားဧရိယာပြင်ပ
ခြင်္သေ့လိုမာနနဲ့ကောင်လဲ
နင့်ရှေ့ဆိုခွေးလိုမြေကြီးမှာဝပ်တွား
တနေ့တကယ်ငါတို့ပေါင်းရမယ်ထင်ပြီး
နင့်ရဲ့အနွေးထည်မှာထိုးထားတဲ့
ငါတို့နှစ်ယောက်လက်မှတ်လေးဆေးပြယ်မှာဆိုး
ကုန်ကုန်ပြောရရင်ထမင်းစားရင်တောင်မှ
သူကြိုက်တဲ့ဟင်းတွေပဲရွေးဝယ်တာမျိုး
အခုတော့ငါတစ်ယောက်ထဲ
ဘယ်လိုစားနိုင်မှာလဲ
နင်မပါတဲ့နေ့လည်စာကို
နောက်ဆုံးမုန့်ဝယ်စားရင်တောင်
နှစ်ယောက်သားအတူတူလုနေကျပါ
သူငယ်ချင်းတွေပြောကုန်ပြီအချစ်ဆုံး
မင်းအဲ့လောက်တောင်ရူးနေလားကွာ
ဆူးလေဘုရားနားက
သိပ်အလွမ်းထန်တဲ့ညနေမျိုး
နင့်အကြောင်းလှမ်းမေးမိတယ်
အိပ်တန်းပြန်တဲ့ငှက်တွေကို
ဒီလိုနဲ့မိုးချုပ်တော့မယ်ကွာ
ငါတကယ်ကိုစိုးထိတ်မိတာက
ချည်နှောင်တဲ့ကြိုးတွေ
ငါတို့နှစ်ယောက်ကြားမှာ
ပြတ်တောက်သွားပြီလား
ဒီလိုနဲ့မိုးချုပ်တော့မယ်ကွာ
နင်မပါလို့ငြိုးအားကြီးနေတာ
ငိုနေတဲ့ငါ့မျက်လုံးတွေအိပ်စက်သွားတောင်
ခြောက်လှန့်ဦးမယ်အိပ်မက်ဆိုးတွေက
ဒီနေ့ငါလေအလိုလိုဝမ်းနည်းနေတယ်အချစ်လေး
နေရာတကာမင်းမျက်နှာတွေဟာအပြည့်
ငါလွမ်းလို့ပါဘယ်နားမင်းပုန်းရှောင်နေ
ဒီနေ့အရာရာဘာတစ်ခုမှအဆင်ပြေတာမတွေ့
စုံတွဲများမျက်စိရှေ့
ဖြတ်လျှောက်သွားတိုင်းဟေ့
ငါဝမ်းနည်းစိတ်နဲ့ကျော်ဖြတ်မဲ့မနက်ဖြန်တွေ