ဒီတောင်ကြီးရဲ့တစ်ဖက်
ဒီနေမင်းကြီး၀င်သွားရင်
နင်ပြန်မလာတော့မယ့်တစ်ရက်
ငါ့ပြက္ခဒိန်ထဲတိုးပြီ
နယ်မြို့လေးရဲ့ရနံ့
နင်ဟာမေ့လျော့နေလောက်ပြီ
လူကုံတန်အသိုင်းအဝိုင်းများရဲ့
ရေမွှေးနံ့တွေရောပြီး
ထင်းရှူးတောလေးတွေက
နင်ပြန်မယ့်နေ့ကိုမေးနေပြီ
ဘယ်တော့လောက်မင်းရောက်လာမလဲ
ဒီစိုက်ခင်းလေးတွေဆွေးနေပြီ
နင်ပဲစဉ်းစားကြည့်
ငါဆိုဘယ်လောက်တောင်
၀မ်းနည်းပြီ မင်းမရှိတဲ့ရာသီ
အိမ်အိုလေးရဲ့အသက်
နင့်ရယ်သံလေးများပြန်ကြားမိ
မြူတွေဆိုင်းတဲ့မနက်
မင်းလျှောက်နေကျလမ်းဆီ
ဂစ်တာလေးတစ်လက်လက်နဲ့
ကော်ဖီလေးတစ်ခွက်ဆိုလုံလောက်ပြီ
ငါတစ်ယောက်ထဲပေါ့
နင်ကြိုက်လွန်းသောသီချင်းများညည်း
ကျေးငှက်လေးများစွာက
နင့်ကိုယ်စားသီချင်းတွေလိုက်ဆိုသည်
ခွေးသေးသေးလေးတွေလဲ
အစာကျွေးဖို့နင်မေ့နေလောက်ပြီ
စဉ်းစားကြည့်
အမေဆို ဘယ်လောက်တောင်
လွမ်းမလဲမသိ မင်းမရှိတဲ့ရာသီ
နင်ကြိုက်တဲ့ကိုရီးယားအခွေထဲကလို
နှင်းတွေယိုစီးကျနေတဲ့ ငါ့တို့မြို့လေး
မနှစ်ကဆောင်းတွင်းထက်တောင်
ပိုပြီးလှနေတယ်
ငါကြိုပြီးတားနေတဲ့ကြားက
ရည်းစားတွေလျှိူပြီးထားမနေနဲ့
ဒီနယ်မြို့လေးကကောင်ဘယ်စိတ်ချမှာလဲ
အဲ့ဒီ့မြို့ကြီးသားတွေနဲ့
ဟိုးကောင်းကင်ယံမှာ
တစ်ခြမ်းလင်းတဲ့လ
သာတဲ့ညဆိုမီးပုံဘေးမှာ
အနမ်းချင်းဖလှယ်ကြ
မနက်ဆိုအတူရှမ်းထမင်းနယ်စား
ညနေပန်းခင်းအလည်သွား
နေ၀င်ချိန်တွေကြည့်
တစ်ယောက်ကတစ်ယောက်အပေါ်
အရမ်းချစ်တဲ့ဘ၀
မျက်စိအောက်ကအပျောက်အရှမခံ
တွဲခဲ့တဲ့ကာလမျိူး
ပညာရှာမှာမို့ ငါတို့ခွဲလဲ
နည်းနည်းပဲကြာမှာဆို
လက်ကိုဆုပ်ကိုင်
မျက်ရည် တဝဲဝဲနဲ့ ငါသာငို
အဲ့နေ့ကတည်းကစပြီး ကျွန်တော်
အသည်းကွဲတာပါဗျိူ့
နင်ပြန်လာရင် လက်ထပ်မှာလို့
ကြွားပြိးရွှီးတာနဲ့
ဒီမြို့ကလူတွေငါ့ကိုဝိုင်းပြီး
သနားကြည့်ကြည့်တာပဲ
အလုပ်တွေလုပ် ငါ့မှာ
ပိုက်ဆံတွေအများကြီးရှိလာမယ့်
တစ်နေ့ကျ ငါနင်ဆီကို
ရထားကြီးစီးလာမယ်
ရထားကြီးစီးလာခဲ့မယ်
ရထားကြီးစီးလာမယ်
ကျေးငှက်လေးများစွာက
နင့်ကိုယ်စားသီချင်းတွေလိုက်ဆိုသည်
ခွေးသေးသေးလေးတွေလဲ
အစာကျွေးဖို့နင်မေ့နေလောက်ပြီ
စဉ်းစားကြည့်
ငါဆို ဘယ်လောက်တောင်လွမ်းမလဲမသိ
မင်းမရှိတဲ့ရာသီ