မိုး
G Fatt
ဟိုးကောင်းကင်မှာ မိုးတွေညှိ့လာလို့ရှိရင်
ငါနင့်ကိုအရမ်းသတိရတယ်
မြန်မာနိုင်ငံရာသီဥတု သုံးပါးထဲက
ကောင်းကင်မှာမိုးတွေ အဆုံးအစမဲ့ရွာ တဲ့
ကာလရောက်ရင် နှလုံးသားထဲက
အလွမ်းတွေကြောင့် ဝဲတတ်လာတဲ့မျက်ရည်စတွေကို
အပြုံးများနဲ့ကာ ဖုံးထားလည်းမရ
နင် မုန်းသွားကတည်းက
ထီးမပါပဲ လမ်းတွေလျှောက်
ရက်ကွက်က အအေးပတ်သေမှာစိုးနေ
မီးမလာတဲ့ညတွေ တစ်ယောက်တည်း
ကဗျာတွေရေးစပ်နေတာမျိုးတွေ
အတိတ်တွေက မဟောင်းနိုင်သေးလို့
ငါ့မျှော်လင့်ချက်တွေ အရည်ပျော်သွားတာ
အရှေ့က ဖယောင်းတိုင်လေးလို
အမေကအခန်းတံခါးဝက လာပြီးခိုးကြည့်သွားတယ်
ငါ့သားနင် အဲလောက်
အရူးထနေလို့ရော အကျိုးရှိလားတဲ့
ဟာ..အမေမှမသိတာဗျာ
ဟော့ဒီမှာ..ကျတော်ရဲ့မိုးမိသွားတဲ့
အိမ်မက်တွေအကြောင်း သူပြန်လာရင်ဆိုပြမလို့
ဂစ်တာလေးတောင် ကြိုးညှိထားတယ်
သူ့အိမ်ကို သွားပြောပေးစမ်းပါဗျာ
ကျတော်အရင်လိုမျိုး
တဇောက်ကန်းတွေလုပ် ပြီး
စောက်ရမ်းတွေ မရှုပ်တော့ဘူးလို့
လောကဓံတွေ ဘယ်လောက်ကြမ်းပါစေအုန်း
အမေ့အိမ်ရှေ့လေး ထဲမှာပဲ
နှစ်ယောက်တစ်ခန်းနေမလို့
ပြီးခဲ့တဲ့သင်္ကြန်ကတော့ တစ်နှစ်မှာတစ်ခေါက်
သစ္စာမဖောက် တန်းကြွေတဲ့
ပိတောက်ပန်းတွေတစ်ချို့
ဘုရားမှာကပ်နေဆဲ ပါးမှပါးကွက်တွေနဲ့
အားနာတတ်လေတဲ့ ကောင်မလေးတွေတွေ့ရင်
ပါးမှာမျက်ရည်ဝဲ နောက်ကျောမှာ
မထိုးပဲအခုတ်ခံထားတဲ့ ဓါးရာချက်တွေမနည်း
ငါဒီအလွမ်းတွေကြားမှာ ညှပ်နေတဲ့အချိန်
နင့်ကို ဘယ်နွားက ခါးလာဖက်နေလဲ
No မရွာနဲ့ မိုး....
မိုး မင်းရွာချရင် ငါရင်ထဲက
အလွမ်းတွေပိုသည်းလို့
ဟိုး..အရင်အတိတ်ကို
တစ်ခေါက်ပြန်ရောက်ချင် စိတ်ကို
ဘယ်လိုထိန်းချုပ် ရမလဲ
နင်ပြောပါအုန်း နင်ပြောပါအုန်း
အချစ်ဆုံး သူငယ်ချင်းတွေနဲ့တောင်မှ
စိတ်မချတဲ့ ငါက အခုတစ်ခြားသူလက်ထဲ
နင်ကိုထည့်ကာ ပေးလိုက်ရတဲ့အခါကြ
ငါဘယ်လောက်တောင်မှ
ယူကြုံးတွေမရဖြစ်နေလဲ နင်သိရဲ့လား
ဟမ်.....နင်သိရဲ့လား
ခင်ဗျားတို့ရဲ့နားတွေကို စွင့်နေပါဗျို့
ဇတ်လမ်းကအခုမှ နိဒါန်းစပျိုးတာ
ကြည့်စမ်းပါအုန်းဗျာ ကျတော့်စက္ကူလှေလေး
တွန့်ကြေကာကျိုးသွားတယ် ထိနမ်းစရာတို့စရာ
ပါးပြင်လေးမရှိတော့မှ
ဒီလမ်းမှာမိုးများထသည်းတော့
ခြေထောက်လေးကို ရွှံပေမှာစိုးလို့
အရင်လို ချီထမ်းပါ ပိုးပါဆိုပြီး
သူဂျီလှမ်းကြအုန်းမလား ဟမ်
တစ်ခါပြန် မြင်ယောင်နေဆဲ
နှစ်သိမ့်ချင်ယောင်ဆောင်
ဝင်ညောင်နေတဲ့ ဆံပင်ထောင်ကေနဲ့
စောင်ပေါကို ရောပြီးငါ
ရိုက်သတ်ပစ်လိုက်ချင်တယ်
ယင်ကောင်တွေနဲ့
နင်သာ ငါမကြိုက်တဲ့ယောကျာင်္းလေးတွေကို
တမင်ရှောင်မနေပဲ ပေါင်းပေမဲ့
ငါကတော့ နင်သဝန်ကြောင်စေမဲ့
မိန်းတွေနဲ့ ခုချိန်ထိကို မခင်အောင်နေတယ်
ဒီသီချင်းကတော့ နင်မုန်းတဲ့အရည်တွေ
သောက်ပြီးရေးတာဗျို့
ငါ့ကနင်ရဲ့ခေါက်ထီးလေးပါဆို
ဟိုးမိုင်တွေ ဘယ်လောက်ကြီးဝေးကွာအုန်း
မိုးတွေချိန်းရင်
လျှောက်ပြီးပြေး လာခေါ်မယ်လို့
ကတိတွေလျှောက်ပြီးပေးတာမို့
အဲကတိတွေကြောင့်
မိုးတွေချိန်းတော့ နင်ပြန်လာမှာစောင့်ပြီး
ခေါက်ထီးလေးခဗျာငို
သြော် ဦးဏှောက်ကပဲ ဆယ်ပြားလိုနေတာလား
ဒါမှမဟုတ် နှလုံးသားကပဲ ဦးဏှောက်ထက်ကို
အရွယ်အစားပိုတာလား ဒဏ်ရာတွေကိုသီပြီး
လွယ်ထားသလိုပါဗျာ ဘယ်လိုပဲဖြစ်ဖြစ်
နင့်ကိုဘဝထဲက မဖယ်ရှားလိုပါ ငါ
မိုးတွေရှယ် တစ်အားကိုရွာချရင်
နင်တို့လမ်းထိပ်အုတ်ခုံမှာ
တစ်ကယ်သွား ငိုတာပါ
ချမ်းလွန်းလို့ ငါ့မှာအရိုးပါအေးတဲ့အထိပဲ
ငယ်ငယ်ကနင့်ကို ခိုးကာပေးခဲ့မိတဲ့
ပိုးစာပန်းစာလေးတွေကြောင့်
အရိုက်ခံရလို့
ငါ့မှာအရှိုးရာလေးလည်းရှိတယ်
ပြီးတော့ နင်နဲ့ဆင်တူဝယ်ဖူးတဲ့
မိုးကာလေးလည်းရှိတယ်
ငါနင့်ကိုဘယ်လောက်ထိ ချစ်လည်းဆိုတာ
အဲ့ဒီအရှိုးရာလေးနဲ့ မိုးကာလေးလည်းသိတယ်
နင့်နဲ့ငါဘယ်သူပိုပုလည်းလို့
အရပ်ပြိုင်လို့ညှိတာတွေ
နှာခေါင်းချင်း တေ့ပြီးတော့
အသက်ပြိုင်ရှုကြည့်တာတွေ
လမ်းလျှောက်ရင်းနဲ့
ဗွက်အိုင်တစ်ခုအနီးမှာတွေ့ရင်
သိပ်ရွံတတ်တဲ့နင့်ကို တွန်းချပြီးတော့
ထပ်အနိုင်ယူမိတာတွေ ဟော့ဒီက
သံယောဇဉ်မပြတ်နိုင်သူကြီးရဲ့
ဒီအလွမ်းတွေကို
နင့်ရဲ့လက်ရှိသက်ဆိုင်သူသိပါစေ
သက်ဆိုင်သူသိပါစေ...
ငါကြိုရွေထားတဲ့
နင်နဲ့အလိုက်ဆုံး ဗိုက်ဖုံးအင်္ကျီးလေး
အခုတော့လွှင့်ပစ်လိုက်ပြီး
အမှတ်တရပေါင်းစုံ
အမှိုက်ပုံးလေးဆီပြေး
မင်းသမီးနဲ့မင်းသားက အဝေး
ဇတ်သိမ်းမှဆွေးရတဲ့ ရုပ်ရှင်တွေကြည့်ရင်
ပိုလွမ်းမိတယ်ဟေ့... နင့်ဘက်နင်တွေး
ငါဘက်ကိုငေး ဖြောင့်မတ်တဲ့နင့်အချစ်တွေ
သက်တံလိုကွေး
နင့်ကြိုက်တဲ့
မုန့်တီအသုပ်ဆိုင်အရှေ့
ဖြတ်လျှောက်တိုင်းငါငေး
စားပွဲဝိုင်းလေးမှာ
ငါ့တို့တုန်းကလို အတွဲလေးများစွာအပြည့်
ကလေးတွေ ကျောင်းဆင်းတဲ့အချိန်လေး
ရောက်ရင် အရမ်းသတိရတယ်..Bae
နင့်ထမင်းချိုင်လေး ကိုင်ပေးခဲ့ဘူးတယ်
Monday to Friday...ဟေး..ရေ..အေ့..အေ့
ဟေး....ရေ....အေ့..အေ့...
နင့်ကြိုက်တဲ့ မုန့်တီအသုပ်ဆိုင်အရှေ့
ဖြတ်လျှောက်တိုင်း ငါငေး..ရေး..
အိုး.....ဟိုး.....
မင်းသမီးနဲ့မင်းသားက အဝေး
ဇတ်သိမ်းမှလွမ်းရတဲ့ ရုပ်ရှင်တွေကြည့်ရင်
ပိုလွမ်းမိတယ်ဟေ့.....ဟေ့..ဟေ့...ဟေ့
ကလေးတွေ ကျောင်းဆင်းတဲ့အချိန်လေး
ရောက်ရင် အရမ်းသတိရတယ်..Bae
နင့်ထမင်းချိုင်လေး ကိုင်ပေးခဲ့ဘူးတယ်
Monday to Friday...ဟေး..ရေ....
နင်သိပ်သနားတတ်တဲ့ လှောင်အိမ်ထဲက
စာကလေးတွေတွေ့ရင် ငါဝယ်ပြီးလွှတ်လိုက်တဲ့
ကုသိုလ်တွေ နင့်အတွက် အမျှလေးဝေပေးချင်တယ်
ပြီးတော့
နင့်အကြောင်း ကဗျာလေးတွေရေးချင်တယ်
ခေါင်းစဉ်က
အကယ်၍ကျတော်ချစ်သူ အမွှာလေးတွေမွေးရင်