သတိရတယ် လွမ်းတဲ့စိတ်တွေ
လူတွေမမြင်အောင် သိမ်း ထား မယ်...
အိပ်မရပါ ညနက်နက်လေ
မင်းအကြောင်းတွေးရင် စိတ် က မ လွယ်...
မင်းမချစ်နဲ့ ပြော ပါ တယ်...
မင်းပဲမုန်းလိုက် ပြော ပါ တယ်...
အဲ့ လောက် ထိ သိပ် ကို လွယ် ရင်
ငါ့ဘဝနဲ့... ဘယ် စ တေး ပါ့ မ လဲ...
အရင်တုန်းကလို မင်းလက်ကလေးကို
ဆုပ် ကိုင် နေ ချင် သေး တယ်...
တစ်ညလုံး ဖုန်းကိုင်ထားကာ
မင်းအိပ်သွားတာ ကြည့် ချင် သေး တယ်...
အခုကြတော့ မင်းဘယ်သူနဲ့...
အစားထိုးလို့ ရှိနေမလဲကလေးရယ်...
နင် ငါ့ ကို မ ညာ စမ်း နဲ့...
CHO:
နင်မရှိရင် ငါလေမနေတတ်တာ
ဒါတွေ သိသားနဲ့
ဘာကြောင့်နင် ဆင်ခြေတွေပေးကာ
ငါ့ကိုလှည့်စားမလဲ အမှန်တိုင်းပြောပါကွယ်
ငါ က အဖြည့်ခံပဲ
နင်လိုရင်ခဏ..ယူသုံးပါ မလိုရင်ချန်ထားခဲ့
နင်မရှိရင် ငါလေမနေတတ်တာ
ဒါတွေနင်သိသားနဲ့
ဘာကြောင့်နင် ဆင်ခြေတွေပေးကာ
ငါ့ကိုလှည့်စားမလဲ အမှန်တိုင်းပြောပါကွယ်
ငါ က အဖြည့်ခံပဲ
နင်လိုရင်ခဏ..ယူသုံးပါ မလိုရင်ချန်ထားခဲ့
ရ ပါ တယ်...
RAP:
(တခါ တလေ ကြရင်
အချစ်က အရမ်း...ထူးဆန်းတယ်
ကိုယ့်နားမှာရှိနေတုန်းက ဘာမှမသိသာပေမဲ့
သူကိုယ့်နားကနေ ဝေးသွားတဲ့အခါကြရင်
ကမ္ဘာပြိုမတတ်...ခံစား နာကျင်ရတယ်)
...
စွဲလမ်းခြင်း များစွာနဲ့
ရင်ဘက်ထဲမှာ ပိတ်ကြပ်နေ
တကယ်တော့ ငါ့ရဲ့အဖြစ်က
ရုန်းလေ နစ်လေ အဖြစ်ပျက်တွေ
တကယ်ကို မဖြစ်နိုင်တော့တဲ့
စိတ်ကူးတွေနဲ့ အိမ်မက်တွေ
တနေ့မှာ ဝေးသွားလိမ့်မယ်
ဘယ်သူသိမှာလဲ ချစ်လျက်လေ
မင်းလက်လေးကို ဆုပ်ကိုင်ထားတဲ့နေ့ရက်တွေ
မင်းပါးလေးကို နမ်းရှိုက်ခဲ့တဲ့နေ့ရက်တွေ
မင်းနဲ့ အတူငါ မက်ခဲ့တဲ့အိမ်မက်ရှည်
ဒါတွေအားလုံးက ခုကျတော့
လေထုထဲက အငွေ့သက်တွေ
ကိုယ်တို့ပေါင်းဖက်ဖို့က
ဖြစ်မှ မဖြစ်နိုင်တာ
ဒီလို မင်းပြောလိုက်တိုင်း
ရင်ခုန်သံတွေ တိတ် မှိုင် သွား
(ဖြစ် နိုင် မ လား)x2 ဆိုပြီးတော့
မင်းအရှေ့ကို ဇွတ်တိုးခဲ့တဲ့
ဟုတ်တယ် ကိုက စိတ်မခိုင်တာ
(ကိုကသိပ်နိုင်စားတယ်)x2 ဆိုပြီးတော့
မင်းပြောခဲ့တဲ့လူကြီးကိုပဲ
မင်းနိုင်သွားတယ်
ဘဝတွေ ဘေးယိုင်သွားမယ်
ကိုယ့်ကြောင့် ကလေးခံစားမယ်
ဆိုရင်တော့ ဟုတ်တယ် ကလေးရယ်
ကိုယ့်ဘက်ကိုတော့ မကြည့်နဲ့ထားကွယ်
တခါတလေကြ အပစ်တင်ချင်တယ်
ကံ တ ရား လေ ငါ
ငါတို့ ပေါင်းဖက်ဖို့အတွက်
ဘယ်အရာတွေက ရန်များစေတာ
ဘဝမှာ အမှန်တရားတွေ ငါမသိချင်
ချန် ထား နေ ခါ
မင်းမရှိရင် မနေတတ်တော့တဲ့
ငါ့ရဲ့စိတ်ဓာတ်တွေက ဒါ အ မှား တွေ လား
ကလေးရယ် ကိုယ့်ဘဝထဲကို ပြန်လာပေးပါ
တခုတည်းသော တောင်းဆိုချင်တဲ့ ဆန္ဒလေးပါ
လူတွေ လာလာ မေးတာ
မင်းက ချန်ကာ ပြေးတာတဲ့
မဟုတ်ပါဘူးဗျာ ကျွန်တော့်ချစ်သူက
ပြန်မလာသေးတာ
အခုထပ်ထိငါ ယုံနေသေးတယ်
တနေ့ပြန်ဆုံမယ်
အဲ့ဒီနေ့ကြ လွမ်းတဲ့အကြောင်းတွေ
ပြောမယ် အကုန်ကွယ်
လျှောက် တနေကုန်လည် စားမယ် မုန့်အစုံဝယ်
မင်းကြိုက်ခဲ့တဲ့ ကို့သီချင်းတွေ
တို့အတူဆိုမယ်
စိတ်ကူးလေးတွေ ယဉ်နေမိတာ
တဖက်သက်ပဲငါ
မင်းကတော့ အခုထက်ထိကို မပတ်သက်ဆဲပါ
ငါ့ကို အဆက်ဖြတ်ဆဲကာ
နောက်လူ တစ်ဖက်လက်ထဲမှာ
ပျော်နေပါစေ ချစ်သူလေး
ဒီတသက်အတွက် အမြဲကွာ
CHO:
နင်မရှိရင် ငါလေမနေတတ်တာ
ဒါတွေ သိသားနဲ့
ဘာကြောင့်နင် ဆင်ခြေတွေပေးကာ
ငါ့ကိုလှည့်စားမလဲ အမှန်တိုင်းပြောပါကွယ်
ငါ က အဖြည့်ခံပဲ
နင်လိုရင်ခဏ..ယူသုံးပါ မလိုရင်ချန်ထားခဲ့
နင်မရှိရင် ငါလေမနေတတ်တာ
ဒါတွေနင်သိသားနဲ့
ဘာကြောင့်နင် ဆင်ခြေတွေပေးကာ
ငါ့ကိုလှည့်စားမလဲ အမှန်တိုင်းပြောပါကွယ်
ငါ က အဖြည့်ခံပဲ
နင်လိုရင်ခဏ..ယူသုံးပါ မလိုရင်ချန်ထားခဲ့
ရ ပါ တယ်...
မင်းမရှိရင် မနေတတ်တော့တဲ့
ကိုယ့်ရဲ့ စိတ်လေး အတွက်
ဒီနေ့တော့ နောက်ဆုံးအနေနဲ့လွမ်းခွင့်ပေးပါ
မင်းကို မေ့ဖျောက်ဖို့အတွက်
ကိုယ်ကြိုးစားသွားပါ့မယ်
အရာအားလုံးအတွက်
ကျေးဇူးတင်ပါတယ်ရည်းစားရယ်
...
နင်မရှိရင် ငါလေမနေတတ်တာ
ဒါတွေ သိသားနဲ့
ဘာကြောင့်နင် ဆင်ခြေတွေပေး...ကာ
လှည့်စားမလဲ... ကလေးရယ်...
ကို သိပ် ချစ် တယ်...
ပျော် ရွှင် ပါ စေ ကွယ်