သီချင်း - ကြယ်စင်ပျိုးတဲ့ကောင်းကင်
တေးဆို - ထူးအယ်လင်း
နာကျင်ခြင်းများနဲ့ သူအစပြုပြီး
ရှင်သန်စေသူ တို့ရဲ့အမေ
သင်လမ်းပြရင်း နေ့တိုင်းဆုတောင်းပေး
ကြယ်စင်တွေလို လင်းလက်စေ
အကြင်နာတွေ မြစ်တစ်ခုလိုစီးနေမြဲ
အရင်းကိုစိုက်ကာ အမြတ်မယူတဲ့အချစ်ပါ
ကြယ်စင်များပျိုးတဲ့ ကောင်းကင်အမေပဲပေါ့
စုန်ရေလိုပြန်မစီးလည်းလေ
ကျေနပ်ဆဲပဲ ပြုံးလို့နေမြဲ
ပိုက်ထွေးဆဲ သူဂရုစိုက်နေမြဲ
ရင်ဆိုင်တယ် သောကဒုက္ခများစွာအား
အခက်အခဲများအတွက် သူမငြီးခဲ့ပါ
အနာဂါတ်လမ်းခရီးများ လှအောင်ဖန်တီးပေး
အနွံတာခံကာ ပေးဆပ်ရှာ
ဘာနဲ့နှိုင်းမလဲ အမေ့မေတ္တာမျိုး
ဘယ်လိုပြောမလဲ အစားထိုးစရာမရှိ
ယုယစွာအချိန်တိုင်းပဲ
ဪ သူကြည့်လို့နေခဲ့
မအိုဟောင်းလည်း ချစ်ခြင်းများသူပေး
မပြေလည်တာတွေ ပြေလည်တာတွေ
အမြဲတမ်းအရိပ်လို ကြည့်ရှု့ပေးတာ
ကူညီကာဖြေရှင်းပေး
တစ်ခါတစ်ရံမှာ မေမေသွန်သင်ညွှန်ပြ
သားက အပြစ်မြင်ဆိုးမိုက်တဲ့အခါ
မေမေအသည်းကြွေ
အဖေ အမေ နေရာအမှန်ကို
ကိုယ်တိုင်ရောက်ရှိမှ တကယ်ကြီးမားမေတ္တာ
သေချာစွာသိချိန်မှာ
အလိုက်အထိုက်သိတဲ့ မေမေအကြင်နာများ
အလိုက်သိတတ်စွာ ပေးဆပ်ချိန်
ကြင်နာစွာပြုံးနေမြဲ
နာကျင်ခြင်းများနဲ့ သူအစပြုပြီး
ကြင်နာစွာ သူယုယကာ
ကြယ်စင်များပျိုးတဲ့ ကောင်ကင်အမေပဲပေါ့
စုန်ရေလိုပြန်မစီးလည်းလေ
လမ်းပြရင်း နိဗ္ဗာန်ဆုတောင်းပေး
အဆုံးမဲ့အချစ်တွေ သူပေးဆဲ
ဘာနဲ့နှိုင်းမလဲ အမေ့မေတ္တာမျိုး
ဘယ်လိုပြောမလဲ အစားထိုးစရာမရှိ
ယုယစွာအချိန်တိုင်းပဲ
ဪ သူကြည့်လို့နေခဲ့ သူကြည့်လို့နေခဲ့
မအိုဟောင်းတဲ့ ချစ်ခြင်းများသူပေး