အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့
အတူတူကြိုးစားခဲ့တာပဲ
ကံတရားဟာထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက်
တို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးတယ်
အုပ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့
ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့ အားမလျော့နဲ့
ဆက်လျောက်မယ်
ဘေဘီမင်းမျက်လုံးတို့အားဖျော့ခိုက်
ငါ့ရဲ့ပခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက်ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ကတိတွေပဲ
လာပါဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
ဘဝရဲ့အဓိပ္ပါယ်ကို ငါတို့အတူဖွင့်ပြီးတော့
ဆက်ကြိုးစားကြမယ် ဘာများခက်လို့လဲ
မနက်အသစ်မရောက်ခင်သာ
အမှောင်ထုဟာကြာလွန်းခဲ့
နွေးထွေးခြင်းတို့နဲ့
နေမင်းရဲ့အလင်းရောင်လာတော့မယ်
အုပ်တစ်ချပ်နဲ့ သဲတစ်ပွင့်နဲ့
ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့
အားမလျော့နဲ့
အားမလျော့နဲ့
ဘေဘီမင်းမျက်လုံးတို့အားဖျော့ခိုက်
ငါ့ရဲ့ပခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက် ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့ မရှိဖို့ကတိတွေပဲ
လာပါဝမ်းနည်းတတ်တဲ့ချစ်သူအားမငယ်နဲ့
ဝမ်းနည်းရတဲ့နေ့တွေ ပြန်ရေတွက်ဦးဟေ့
မဆိုစလောက်လေးပါ နင်ယုံကြည်ထားပေး
တစ်နေ့နေ့အကောင်းဆုံးဖြစ်မယ်
အားတင်းထားလိုက်တော့ တဒင်္ဂလေးပဲ
လာပါ ငိုမနေတော့နဲ့
အုတ်တစ်ချပ်နဲ့
သဲတစ်ပွင့်နဲ့ ဆောက်ခဲ့ပြီးမှ
အိပ်မက်တို့မဝေးတော့လို့
အားမလျော့နဲ့
ဆက်လျောက်မယ်
ဘေဘီမင်းမျက်လုံးတို့အားဖျော့ခိုက်
ငါ့ရဲ့ပခုံးထက် မှေးစက်လိုက်
အခက်အခဲများအတွက်ငါအရှေ့ကရှိတာပဲ
ဘယ်လိုအဆိုးဆုံးနေ့တို့ဖြတ်ရလည်း
ရောင့်ရဲတဲ့အတွက်ကျေးဇူးတင်တယ်
နောက်ထပ်အဆိုးတို့မရှိဖို့ကတိတွေပဲ
လာပါဝမ်းနည်းတတ်တဲ့ချစ်သူအားမငယ်နဲ့
လာပါဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
လာပါဝမ်းနည်းတတ်တဲ့ချစ်သူ အားမငယ်နဲ့
အားတင်းထားပါဦး မငိုနဲ့ကွာဆက်ပြီးတော့
အရှုံးမပေးဘူးနော် ငါတို့ဘဝအတွက်ပေါ့