သီချင်း - မာနနဲ့နောင်တ
တေးဆို - J Fire _Eternal Gosh
မျက်လုံးနှစ်လုံးဖွင့်ပီဆိုတာနဲ့ငိုတာပဲ
ရုပ်ကတဖြေး²နဲ့ အိုလာခဲ့ Oh! ဒါနဲ့
အတိတ်ကိုပြန်သွားဦးမယ်
အမှတ်တရတွေလိုတာထည့်
မျက်လုံးအိမ်ထဲမှာတော့
ဘယ်နှကြိမ်တွေ့² စိုကာရွဲ
အဖြေပြန်ပေးခဲ့တယ် အရမ်းချစ်တယ်
အဲ့ဒီလေသံလေးနဲ့ပဲ စိတ်ချချစ်သူ
မင်းအတွက်ဆို အသေခံပေးရဲတယ်
၂ယောက်လျှောက်မဲ့လမ်းကို
ဖြောင့်အောင်တိုင်ပင်ပြီးတော့
ပေတံလေးနဲ့ဆွဲ
နေဖို့အိမ်လေးတစ်လုံးဆောက်ဦးမယ်
ဘေးမှာရေကန်လေးထည့်မယ်
စိတ်ကူးတွေနဲ့ဖြတ်ကျော်လာခဲ့
ငါကထပ်ပျော်ပါတယ် သူ့ရဲ့ပြောစကားနဲ့
မာနများလည်းမပါ မှားတဲ့အခါ
သာတယ်နာတယ်သဘောမထားနဲ့
ကလေးတွေအပြင်ထွက်မယ်ဆိုရင်လဲ
ဘာရယ်ညာရယ်ပြောသွားခဲ့
သူရဲ့ကျောင်းမုန်ဖိုးလေးက
ငါ့ရဲ့ Phone Bill ဖြစ်လာတယ်
သူ့ရဲ့ကျောင်းမုန်ဖိုးလေးနဲ့
ငါတို့တွေ လျှောက်လည်ဖြစ်လာတယ်
သူရဲ့ကျောင်းမုန်ဖိုးလေးက
ငါ့ရဲ့ T Shirt ဖြစ်လာတယ် သိတယ်
အဲ့လိုချစ်သူရှားသွားပါပြီ ဒီဘက်ခေတ်မှာလဲ
နောင်တတွေနဲ့ အမှောင်ညတွေထဲ
နင်မရှိတော့တဲ့ ငါရဲ့အခန်းငယ်လေး
ခြောက်ကပ်တိတ်ဆိတ်လို့ရင်ခုန်ခြင်းကင်းမဲ့
အရောင်တွေလင်းလို့ရှိတဲ့
တို့နှစ်ယောက်ဓာတ်ပုံလေး
ကြည့်ရင်းငါရူးပြီ
အချိန်ကာလတခုထိတော့ငါလဲပျော်တာပေါ့
သူလဲပျော်တာပေါ့ အပေါင်းအသင်းကြားမှာ
လက်တွေတွပြီး ဂေါ်တာနော်
sorတကာပေါ်မှာထားတဲ့အချိုးအတိုင်း
ငါပြန်ချိုးပြီ ဘာရန်ငြိုးမှမရှိပဲ
လူတွေရဲ့အလည် ဆူနေခဲ့တယ်
အတူနေခဲ့တဲ့အချိန်က ချစ်စကားတွေ
ကျုပ်ရယ်ချင်တာပဲ
သူကိုရှုပ်တယ်ထင်တာနဲ့
ဘဝထဲကထုတ်ပယ်ချင်လာတယ်
အလုပ်တွေလုံးဝမအားလို့ပါဆိုတဲ့
အဖြေလေးနဲ့ရှောင်လာခဲ့
ငါကသောက်ရေအိုးစင်ထဲကရေနဲ့
ခြေဆေးတဲ့ကောင်းပါပဲ
ဟုတ်တယ် မှားတယ် ငါမှားတယ်
ငါ..သိပ်ကိုမှားသွားခဲ့တယ်
ငါ ပိုးစိုးပက်စက်ပြောဆိုပြီးတော့
သူ့ကိုအတိတ်မှာ ထားထားခဲ့တယ်
သွားတယ် ထွက်သွားတယ် တစ်ချက်မှ
ပြန်လို့ကိုမကြည့်ခဲ့ နင်မရှိမှ
ဒီသူတောင်စားက နင့်ရဲ့တန်ဖိုးကိုသိတယ်
ငါလို့ talky ကောင်းတဲ့ကောင်လေးတွေဆို
ထပ်ပြီးမကြိုက်ပါနဲ့
နင်သဘောပေါက်သင့်နေပြီကွာ
ပြန်ပြီးမမိုက်ပါနဲ့ ငါ့ကိုကံကြမ္မာက
အထီးကျန်စေဖို့ ဖန်တီးလိုက်တာပဲ
မေတ္တာတရားကိုစော်ကားခဲ့လို့
ဟော့ဒီကောင်ကြီး ကံကြီးထိုက်ပါတယ်
နောင်တတွေနဲ့ အမှောင်ညတွေထဲ
နင်မရှိတော့တဲ့ ငါရဲ့အခန်းငယ်လေး
ခြောက်ကပ်တိတ်ဆိတ်လို့ရင်ခုန်ခြင်းကင်းမဲ့
အရောင်တွေလင်းလို့ရှိတဲ့
တို့နှစ်ယောက်ဓာတ်ပုံလေး
ကြည့်ရင်းငါရူးပြီ
တကယ်လို့အချိန်ကိုသာ
နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်
စစ်ဘုရင် နပိုလီယံပြောသလိုမျိုး
ဟော့ဒီကမ္ဘာကြီးထဲက
ဘယ်အရာကိုပဲဖြစ်ဖြစ်ငါ
ပေးနိုင်ပါရဲ့
ငါ့ဘဝထဲ.. မင်းမရှိရင်လဲ
နေနိုင်တယ်
မာနနဲ့အသက်ဆက်ရှင်မယ်
နောင်တတွေနဲ့ အမှောင်ညတွေထဲ
နင်မရှိတော့တဲ့ ငါရဲ့အခန်းငယ်လေး
ခြောက်ကပ်တိတ်ဆိတ်လို့
ရင်ခုန်ခြင်းကင်းမဲ့
အရောင်တွေလင်းလို့ရှိတဲ့
တို့နှစ်ယောက်ဓာတ်ပုံလေး
ကြည့်ရင်းငါရူးပြီ