သီချင်း : လူထဲကလူ
တေးဆို : J Fire
သီချင်းများလည်းချစ်ကြပါစေ
ရည်မှန်းချက်တို့လည်းဖြစ်ကြပါစေ
ငါတို့ရုန်းထွက်မရနိမ့်ကျကာနေလညး်
ဘဝဆက်တိုင်းအနုပညာသမားတစ်ယောက်မဖြစ်ရပါစေနဲ့တော့
ကမ္ဘာ လောကကြီးအတွက်ကွက်လပ်ဖြည့်နိုင်ဖို့
မက်မက်မောမောလစာတွေကိုငြင်းပယ်လို့
အခန်းကျဉ်းထဲပစ္စလက္ခတ်စာရွက်တွေ
သီချင်းအလုပ်ပဲတက်ကြွတဲ့လူငယ်တွေ
Music လုပ်ရင်မူးယစ်ဆေးဝါးသုံးတယ်
နင်music လုပ်ရင်အိမ်ကထွက်ပါတဲ့
ဒီmusicလုပ်ရင်ဘဝပျက်မယ်တဲ့
ဒီmusicလုပ်ရင်လူတွေပြောတယ်ခွေးဖြစ်မယ်တဲ့
ဒီလိုအခက်ခဲလေးတွေနောက်မှာ
ဖုန်းထဲမဆန့်လို့delete လုပ်မယ်
သီချင်းလေးတွေနောက်မှာဘဝတစ်ခုနဲ့ရင်းခဲ့ရပြီး
လေးနှစ်ကြာအောင်ရှာဖွေခဲ့တာ
ခင်ဗျားတို့အတွက်လေးမိနစ်စာ
ဒီလူတွေခံစားရင်းနဲ့ပြုံးနေကြတယ်
ဒီလူတွေခဏတာနားဆင်ပြီးတော့အမောဖြေကြတယ်
ဒီလူတွေဝေဖန်ပြီးတော့ဆဲဆိုကြလည်း
ဒီလူတွေပျော်အောင်ကျွန်တော်တို့အရင်ပျော်တယ်
ဒီလူတွေငိုအောင်ကျွန်တော်တို့အရင်ငိုတယ်
ဘဝအာမခံချက်နဲ့ကျွန်တော်တို့ဘဝကို
ဘယ်အရာကအာမခံမှာလဲ
ဒီလိုကြိုးစားမှုတွေရိုးသားမှုတွေရယ်
ဆက်လျှောက်လည်းအဖက်ဖက်ကတိုက်ခိုက်သံတွေ
ဒီလိုအခက်ခဲလေးတွေနောက်မှာ
ဖုန်းထဲမဆန့်လို့delete လုပ်မယ်
သီချင်းလေးတွေနောက်မှာဘဝတစ်ခုနဲ့ရင်းခဲ့ရပြီး
လေးနှစ်ကြာအောင်ရှာဖွေခဲ့တာ
ခင်ဗျားတို့အတွက်လေးမိနစ်စာ
ဒီလူတွေခံစားရင်းနဲ့ပြုံးနေကြတယ်
ဒီလူတွေခဏတာနားဆင်ပြီးတော့အမောဖြေကြတယ်
ဒီလူတွေဝေဖန်ပြီးတော့ဆဲဆိုကြလည်း
ဒီလူတွေပျော်အောင်ကျွန်တော်တို့အရင်ပျော်တယ်
ဒီလူတွေငိုအောင်ကျွန်တော်တို့အရင်ငိုတယ်