သီချင်း - ပို့သသောမေတ္တာ
တေးဆို - ထက်ယံ ၊ Jenny
ကျန်းမာရေးဂရုစိုက်
သူ့ကိုစိတ်ပူလို့
ငါ့မျက်ခုံးလှုပ်တိုင်း
သူ့ကိုစိုးရိမ်နေမိလို့
ငါခလုတ်တိုက်လည်း
ငါ့လိုဖြစ်မှာစိုး
ဘာတွေစားလဲအမြဲ
စိတ်ပူနေမိလို့
နင်စိတ်ချမ်းသာစေ
ကံကောင်းပါစေ
ငါဝမ်းသာနေချင်လို့
အကြင်နာမေတ္တာတွေ
ဝေမျှတာတွေနင်ရအောင်
နေ့တိုင်းပို့
ဘာရယ်မဟုတ်ဘူးလေ
ဒီတိုင်းသတိရရုံလေး
ပို့တဲ့မေတ္တာတွေနင်ရပါစေ
ဘာလုပ်လုပ်ဂရုစိုက်
စိတ်မပူချင်လို့
ဘယ်သွားသွားခလုတ်မထိ
ဆူးမငြိစေဖို့
ငါကြားတဲ့သတင်းတိုင်း
ကောင်းစေချင်လို့
သူမသိပေမယ့်လည်း
မေတ္တာပို့
ငါသတိရရင်
ငါသတိရရင်
ငါသတိရရင်
သတိရတိုင်းငါမေတ္တာပို့
ငါသတိရရင်
ငါသတိရရင်
ငါသတိရရင်
ကလေးတစ်ယောက်ထက်
စိတ်ပူတယ်
ဂျီးများတတ်လို့စိတ်ပူတယ်
နေထိုင်မကောင်းအသေးအဖွဲလေး
နှာစေးချောင်းဆိုးတောင်
စိတ်ပူတယ်
လမ်းကူးလည်းစိတ်ပူတယ်
ဂရုစိုက်ပါကွယ်
အစားအသောက်တွေလည်း
လျှောက်မစားပါနဲ့
အန္တရာယ်ကင်းဘေးရှင်းဖို့
ဆုတောင်းပေးပါတယ်
ဘာလုပ်လုပ်ဂရုစိုက်
စိတ်မပူချင်လို့
ဘယ်သွားသွားခလုတ်မထိ
ဆူးမငြိစေဖို့
ငါကြားတဲ့သတင်းတိုင်း
ကောင်းစေချင်လို့
သူမသိပေမယ့်လည်း
မေတ္တာပို့
ငါသတိရရင်
ငါသတိရရင်
ငါသတိရရင်
သတိရတိုင်းငါမေတ္တာပို့
ငါသတိရရင်
ငါသတိရရင်
ငါသတိရရင်
အိပ်မက်ဆိုးတွေငါမက်တဲ့ညတွေဆို
သူ့အတွက်စိုးရိမ်ဆုတောင်းလို့
ပေးနေတုန်း
ရောက်တဲ့အရပ်မှာ
ဘာလုပ်လုပ်ဂရုစိုက်ဦး
ငါသူ့အတွက်ဘုရားရှိခိုး
မေတ္တာပို့