သီချင်း - မျှော်နေတုန်းဘဲ
တေးဆို - ကေကေမိုး
အခန်းကျဉ်းလေးထဲမှာပဲ
တုန်ရီကာအိပ်စက်မရနိုင်ခဲ့
နောင်တများအလည်ပူလောင်လွန်းတယ်
ပြန်လာပါငါ့နေ့ရက်တွေထဲ
သဝန်တိုတတ်တဲ့ငါ့စိတ်တွေဟာ
ပင်လယ်လိုမင်းချစ်အတွက်
မီးတောက်တစ်ခုမှန်းငါသိပါတယ်
လွမ်းဆွတ်ရင်းတမ်းတဆဲ
ဟိုအရင်အချိန်များကို
တစ်သက်မမေ့ဘူးငါ့အချစ်ဦး
မင်းဒီရင်ကိုခွဲဘာကြောင့်ခွဲသွားလဲ
မဖြေသာဘူးငါဟာအချစ်ရူးလို
နေဝင်ချိန်တိုင်းအတူရှိခဲ့နေရာလေးများ
ငါရောက်တိုင်းမင်းကိုလိုက်ရှာဆဲ
ဘယ်မလဲငါမေ့ဖို့မဖြစ်နိုင်ဘူးဟေ့
ငါမျှော်နေဆဲပြန်မဆုံနိုင်တော့ပေမယ့်
အိုအိမ်မက်ထဲနင်လာ
အနမ်းတွေပေးဆဲနာကျင်ရင်းကွယ်
မျှော်နေသူမို့ကံကြမ္မာရယ်
အချိန်ကိုနောက်သို့ဆုတ်ပေးပါ
တိမ်သားများတရိပ်ရိပ်ပြိုလဲ
မြေနီလမ်းလေးလဲဆွံ ့အနေခဲ့
နာကျင်ရင်းနဲ့အဖြေရှာဆဲကွယ်
ဒီအပြန်လမ်းလေးအားမျက်နှာလွဲ
အိုနင်မရှိတော့ဘဝအဓိပ္ပာယ်မဲ့ကာ
ရှင်သန်ရာ သူစိမ်းများကြား
အလင်းမတွေ ့နိုင်ပါနင့်အပြုံးရဲ့အဝေးမှာ
လွမ်းဆွတ်ရင်းတမ်းတဆဲ
ဟိုအရင်အချိန်များကို
တစ်သက်မမေ့ဘူးငါ့အချစ်ဦး
မင်းဒီရင်ကိုခွဲဘာကြောင့်ခွဲသွားလဲ
မဖြေသာဘူးငါဟာအချစ်ရူးလို
နေဝင်ချိန်တိုင်းအတူရှိခဲ့နေရာလေးများ
ငါရောက်တိုင်းမင်းကိုလိုက်ရှာဆဲ
ဘယ်မလဲငါမေ့ဖို့မဖြစ်နိုင်ဘူးဟေ့
ငါမျှော်နေဆဲပြန်မဆုံနိုင်တော့ပေမယ့်
အိုအိမ်မက်ထဲနင်လာ
အနမ်းတွေပေးဆဲနာကျင်ရင်းကွယ်
မျှော်နေသူမို့ကံကြမ္မာရယ်
အချိန်ကိုနောက်သို့ဆုတ်ပေးပါ
သူ့ဘေးနားနေချင်လို့
သူ့ရဲ့ပုခုံးမှာမှေးစက်ပါရစေ
သူ့လက်ကလေးကိုင်လမ်းလျှောက်ပါရစေ
နေဝင်ချိန်တွေတိုင်းငါလေရှိချင်တယ်
သူ့ရဲ့အကြည့်မှာနွေးထွေးပါရစေ
သူ့ရဲ့ပြုံးတာလေးငေးကြည့်ချင်မိတယ်
ကံကြမ္မာရယ်အတိတ်တွေအတွက်အမှားပြင်ဆင်မလို့
မဖြေသာဘူးငါဟာအချစ်ရူးလို
နေဝင်ချိန်တိုင်အတူရှိခဲ့နေရာလေးများ
ငါရောက်တိုင်းမင်းကိုလိုက်ရှာဆဲ
ဘယ်မလဲငါမေ့ဖို့မဖြစ်နိုင်ဘူးဟေ့
ငါမျှော်နေဆဲပြန်မဆုံနိုင်တော့ပေမယ့်
အိုအိမ်မက်ထဲနင်လာ
အနမ်းတွေပေးဆဲနာကျင်ရင်းကွယ်
မျှော်နေသူမို့ကံကြမ္မာရယ်
အချိန်ကိုနောက်သို့ဆုတ်ပေးပါ
နာကျင်ရင်းကွယ်မျှော်သူမို့ကံကြမ္မာရယ်အချိန်ကို
နောက်သို့ဆုတ်ပေးပါ