menu-iconlogo
huatong
huatong
avatar

ခွဲမသွားနဲ့အချစ်ရယ်

Khin Maung Htoohuatong
লিরিক্স
রেকর্ডিং
သီချင်း - ခွဲမသွားနဲ့အချစ်ရယ်

တေးဆို - ခင်မောင်ထူး + ဆန်းသစ်လ

မိုးဦးရဲ့ကုန်လွန်ခဲ့နှစ်ဟောင်းများ

ပြီးဆုံးတော့ ဘယ်ဆီကိုထွက်သွားလဲ

အချစ်ရဆုံးရယ် စိုးမိတယ်

အချစ်ဆုံးလေး အဝေးကို

ထွက်မသွားနဲ့

မိုးသားကောင်းကင်ပြင်မှာ

ငှက်ကလေးများ

အိပ်တန်းပြန်ဘယ်ကိုထွက်သွားလဲ

အချစ်ရဆုံးရယ်စိုးမိတယ်

ခွဲမသွားနဲ့

မင်းအချစ်က တို့အသက်ပေါ့

အသက်နဲ့ကိုယ် မြဲမှဖြစ်မယ်

ခွဲမသွားနဲ့

အို ခွဲမသွားနဲ့

ခွဲမသွားနဲ့နော် ချစ်သက်ရယ်

ခွဲမသွားခဲ့ရင် ပျော်ရွှင်မယ်

ခွဲသွားခဲ့ရင် လွမ်းရမယ်

နွေရက်တွေလို ကိုယ်ဆွေးရမှာပဲ

ကြယ်တွေစုံညီ ညကလေးများ

တောက်ပတဲ့အာရုဏ် မနက်ခင်းများ

မင်းရှိမှပြည့်စုံရလိမ့်မယ်

အချစ်ဆုံးလေး

အဝေးကိုထွက်မသွားနဲ့

တခါတရံကျီစယ် လေညှင်းလေး

ရှောင်နေသလိုကွယ် မကျီစားနဲ့

ရက်စက်တဲ့ အလွမ်းရယ်

ပျက်ကွက်တဲ့ အနမ်းရယ်

ခွဲမသွားနဲ့

မင်းအချစ်က တို့အသက်ပေါ့

အသက်နဲ့ကိုယ် မြဲမှဖြစ်မယ်

ခွဲမသွားနဲ့

အို ခွဲမသွားနဲ့

ခွဲမသွားနဲ့နော် ချစ်သက်ရယ်

ခွဲမသွားခဲ့ရင် ပျော်ရွှင်မယ်

ခွဲသွားခဲ့ရင် လွမ်းရမယ်

နွေရက်တွေလို ကိုယ်ဆွေးရမှာပဲ

အော်.. အချစ်လေးရေ

အို.. ခွဲမသွားနဲ့ ...

အော်.. အချစ်လေးရေ

အို.. ခွဲမသွားနဲ့ ...

Khin Maung Htoo থেকে আরও

সব দেখুনlogo