menu-iconlogo
huatong
huatong
avatar

အချစ်အယူခံ

Khin Maung Htoohuatong
লিরিক্স
রেকর্ডিং
သီချင်း - ချစ်အယူခံ

တေးဆို - ခင်မောင်ထူး

မပြေလည်နိုင်အောင်

သူကကြံရွယ်တယ်

ရင်မှာ ချစ်အားလေး

ညိုးငယ်ရပါတယ်

ပြေလည်အောင်

ဖြေရှင်းပါမယ်လေ

အယူခံဒီစကားလေး

ပြောပြတော့မယ်

အကြင်နာဆုံး

ကိုယ်ရဲ့အချစ်ဆုံးရေ

နေပါဦး

မုန်းလိုက်တော့မှာလားလေကွယ်

ကြင်နာတဲ့သူလေး

ရှောင်ပြေးလေတော့

ကိုယ်တစ်ယောက်တည်း

အခုတော့ ကြေကွဲပြီ

ကြင်သူရေ ...

ကိုယ်တစ်ယောက်တည်းဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့

အမုန်းကြီးမုန်းပြီလား

တစ်ယူသန်ပဲ

ဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး

မောင်ပြောပြမယ်

ကြင်သူရေ ...

ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို

ခဏလောက်လှမ်းလို့ကြည့်ပါဦး

ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား

နောက်တစ်ယောက်တော့

မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာအောင်

မေ့ထားနိုင်သူရေ

ဒိုင်ယာရီဟောင်းလည်း

အလွမ်းတွေပြည့်ပြီကွယ်

အနိူင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေ ကိုယ် အရှုံးလေး

ပေး ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း

ပေးသနားပါဦးကွယ်

ကျေပါတော့ အချစ်ဦး

ရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့

ကိုယ်ချော့မယ်

ကြင်သူရေ ...

ကိုယ်တစ်ယောက်တည်းဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့

အမုန်းကြီးမုန်းပြီလား

တစ်ယူသန်ပဲ

ဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး

မောင်ပြောပြမယ်

ကြင်သူရေ ...

ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို

ခဏလောက်လှမ်းလို့ကြည့်ပါဦး

ပြန်လည်လို့

ချစ်ခွင့်ပေးပါဦးလား

နောက်တစ်ယောက်တော့

မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာအောင်

မေ့သွားနိုင်သူရေ

ဒိုင်ယာရီဟောင်းလည်း

အလွမ်းတွေပြည့်ပြီကွယ်

အနိူင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေ ကိုယ်အရှုံးလေး

ပေး ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း

ပေးသနားပါဦးကွယ်

ကျေပါတော့ အချစ်ဦးရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့

ကိုယ်ချော့မယ် ...

Khin Maung Htoo থেকে আরও

সব দেখুনlogo