အရမ်းလွမ်းနေပြီ
တေးရေး ဆို ကိုင်ဇာ
ဝေးခဲ့ကြရပြီ အချစ်ရေ
တပြည်ခြားနေတဲ့ တို့ ဘဝတွေ
သတိရတိုင်း စာမှန်မှန်ရေးလေ
အင်း သိပ်ချစ်တယ်မေ
တနေ့နေ့ တို့နှစ်ယောက်တွေ့ချိန်လေးများ
ကိုယ် တမ်းတ စောင့်စားရင်းနဲ့လေ
ကြိုးစားထားသမျှ အရာထင်လာပါရစေ
အားပေးတတ်တဲ့ ချစ်သူရေ
အချိန်အကြာကြီးခွဲမထားနဲ့ တော့ လေ
နှစ်ကိုယ်တူဘဝများ ငြိမ်းချမ်း အေးပါရစေ
အတူတူ နေရအောင် ပြန်လာမလား
ကိုယ် အရမ်းလွမ်းနေပြီ အချစ်ရေ
အမြဲတမ်း သတိရပါ့မယ် အချစ်ရေ
တသက်လုံးအတွက်
အချစ်ဆုံးတယောက်ဖြစ်လေ
တွေ့ခဲ့ကြတဲ့ အရင်နေရာလေးတွေ
သွားတိုင်း အမှတ်ရ မျက်ရည်ဝေ
အချိန်အကြာကြီး ခွဲမထားနဲ့ တော့ လေ
နှစ်ကိုယ်တူဘဝများ ငြိမ်းချမ်းအေးပါရစေ
အတူတူနေအောင် ပြန်လာမလား
ကိုယ် အရမ်းလွမ်းနေပြီ အချစ်ရေ
အရမ်းလွမ်းနေပြီ ကလေးရေ
ညီအရမ်းလွမ်းနေပြီ အချစ်ရေ
ကျေးဇူးတင်ပါတယ်
ဘဝအမောများပြေပါစေ