'ကြေကွဲရလိမ့်မယ်''
ရေး_ကေအေတီ
ဆို_Lဆိုင်းဇီ
မင်းလုပ်ရင် ဘာမဆိုကိုယ်လိုက်လုပ်ရ
မင်းသွားရင် ဘယ်မဆိုကိုယ်လျှောက်လိုက်ရ
မင်းမရှိရာ ကိုယ်ဟာတစ်ယောက်ထဲပျင်းစရာ
လွမ်းမောစရာ ကြွေစရာ ရင်ထဲမှာမိုးရွာ
မင်း သိထားသင့်တယ်
တို့ကျန်ခဲ့ရင်
ကြေကွဲရလိမ့်မယ် ကြေကွဲရလိမ့်မယ်
အိုး ... ဟိုး
မင်းမကျေနပ်စရာတွေ ရှင်းရှင်းဆိုလေ
ဂရုစိုက်နေမယ်
သွားရင် ငါ့တယောက်ထဲဟေ့...
ပြန်ကြည့်ဦး
အရိပ်လိုနှစ်ယောက်တွဲ ရှိချင်လို့
ဘဝကို အပိုင်လိုပေးထားတယ်
ငါ့ကိုချစ်နေရင်ကောင်းမယ်
အမုန်းကို နောက်ဆုံးပို့လိုက်ပါ
ငါ့ကို နင်ကြိုက်တဲ့ပုံပြော
နင့်ခေါ်ဆောင်ရာလိုက်ပါ့မယ်
ငါ့ကိုတစ်ချက်လေး လှည့်ကြည့်အုန်း
အချစ်တွေအကုန်ပေးပြီးသားပါ...
မင်းမုန်းရင် အရာရာ ကိုယ်ဆုံးရှုံးမှာ
တို့ဝေးသွားရင် ရင်မှာဝေဒနာများသာ
မင်းလုပ်ရင် ဘာမဆိုကိုယ်လိုက်လုပ်ရ
မင်းသွားရင် ဘယ်မဆိုကိုယ်လျှောက်လိုက်ရ
မင်းမရှိရာ ကိုယ်ဟာတစ်ယောက်ထဲပျင်းစရာ
လွမ်းမောစရာ ကြွေစရာ ရင်ထဲမှာမိုးရွာ
မင်း သိထားသင့်တယ်
တို့ကျန်ခဲ့ရင်
ကြေကွဲရလိမ့်မယ် ကြေကွဲရလိမ့်မယ်
အိုး...ဟိုး
မင်းမကျေနပ်စရာတွေ ရှင်းရှင်းဆိုလေ
မင်း မသွားနဲ့အုံး
သွားရင် ငါ့တယောက်ထဲဟေ့...
ပြန်ကြည့်ဦး
အရိပ်လိုနှစ်ယောက်တွဲ ရှိချင်လို့
ဘဝကို အပိုင်လိုပေးထားတယ်
ငါ့ကိုချစ်နေရင်ကောင်းမယ်
အမုန်းကို နောက်ဆုံးပို့လိုက်ပါ
ငါ့ကို နင်ကြိုက်တဲ့ပုံပြော
နင့်ခေါ်ဆောင်ရာလိုက်ပါ့မယ်
ငါ့ကိုတစ်ချက်လေး လှည့်ကြည့်အုန်း
အချစ်တွေအကုန်ပေးပြီးသားပါ...
အားငယ်သွားအောင် မလုပ်ချင်ပါနဲ့
အကုန်လုံးချစ်လိုက်ပြီ
အကုန်လုံးချစ်ခဲ့ပြီ အိုး...ဟို...
ဆုံးရှုံးခြင်းတရားတွေ
မကြားဝံ့နိုင်တော့လို့
တစ်သက်လုံး ချစ်တော့မည်
တစ်သက်လုံး ချစ်တော့မည်.... ဟေး
ချန်ရစ်ထား ထားနိုင်မလား
ထားနိုင် ထားနိုင် ထားနိုင်ခဲ့ရင်
ငါကြေကွဲလိမ့်မယ်...
ရင်ခုန်သံဝေးသွားမယ်
ချန်ရစ်ထား ထားနိုင်မလား
ထားနိုင်ခဲ့ရင် အလွမ်းတွေ
တစ်သက်လုံး နှိပ်စက်မယ်
ကိုယ့်အသက်လို စွဲနေဆဲ
ပြန်ကြည့်ဦး
အရိပ်လိုနှစ်ယောက်တွဲ ရှိချင်လို့
ဘဝကို အပိုင်လိုပေးထားတယ်
ငါ့ကိုချစ်နေရင်ကောင်းမယ်
အမုန်းကို နောက်ဆုံးပို့လိုက်ပါ
ငါ့ကို နင်ကြိုက်တဲ့ပုံပြော
နင့်ခေါ်ဆောင်ရာလိုက်ပါ့မယ်
ငါ့ကိုတစ်ချက်လေး လှည့်ကြည့်အုန်း
အချစ်တွေအကုန်ပေးပြီးသားပါ...
ချန်ရစ်ထား ထားနိုင်မလား
ထားနိုင် ထားနိုင် ထားနိုင်ခဲ့ရင်
ငါကြေကွဲလိမ့်မယ်...
ရင်ခုန်သံဝေးသွားမယ်
ချန်ရစ်ထား ထားနိုင်မလား
ထားနိုင် ထားနိုင် ထားနိုင်ခဲ့ရင်
ငါကြေကွဲလိမ့်မယ်...
ရင်ခုန်သံဝေးသွားမယ်
ချန်ရစ်ထား သွားနိုင်မလား
ငါ့ရင် ကြေကွဲရလိမ့်မယ်....
ကျေးဇူးတင်ပါတယ်