မိုးကောင်းကင်ခရီး
တေးရေး -
တေးဆို -
လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ
တောင်တွေကိုကျော်လွန်ကာ ပင်လယ်ဖြတ်လို့
မိုးကောင်းကင်ယံ
အချစ်လေးမယုံဘူးလား
ငါချစ်တာမင်းပဲ
နှလုံးသားလှိုင်းထလို့
သက်ပြင်းများရှိုက်မိတယ်
ဒီကောင်းကင်ကြီးထဲ ပျံသန်းနေရင်းနဲ့
ဟိုး မိုးကုပ်စက်ဝိုင်း အမြင့်ဆုံးနားထိ
သူ့အချစ် မြဲပါ့မလား
အဖော်ကွဲတဲ့ ငှက်ကလေးလို
အချစ်ရယ် ချန်မထားခဲ့နဲ့
လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ
တောင်တွေကိုကျော်လွန်ကာ ပင်လယ်ဖြတ်လို့
မိုးကောင်းကင်ယံ
အကြင်နာခြံရံ အချစ်ငှက်မောင်နှံ
ကျီစယ်ကာ အတူပျံသန်းကြ
မိုးကောင်းကင်ယံ
အရှင်းဆုံးပြောစမ်း
ငါ့အချစ်ခရီးလမ်း
မောင့်ရဲ့နောက်က တစ်ကောက်ကောက်လိုက်ခဲ့မဲ့
မိန်းကလေးဘဝ သိလိုက်စမ်း
အသွေးအသား အသည်းနှလုံး
ဟိုး ပေးပြီးသားပဲ
အချစ်ပန်းလေးခူးဆွတ် နမ်းရှိုက်ခွင့်တော့
ကျေးဇူးမမေ့ခဲ့ဘူး
အဖော်ကွဲတဲ့ ငှက်ကလေးလို
အချစ်ရေ ချန်မထားခဲ့နဲ့ကွယ်
လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ
တောင်တွေကိုကျော်လွန်ကာ ပင်လယ်ဖြတ်လို့
မိုးကောင်းကင်ယံ
အကြင်နာခြံရံ အချစ်ငှက်မောင်နှံ
ကျီစယ်ကာ အတူပျံသန်းကြ
မိုးကောင်းကင်ယံ
မိုးမြင့်ထက်က မိုးသားများကြား
ကျီစယ်ကာ အတူပျံသန်းကြ
မိုးကောင်းကင်ယံ
ဟိုးကောင်းကင်ကြီးထဲ ဝဲလို့ပျံမယ်
ကျီစယ်ကာ အတူတူပျံသန်းကြ ဝဲလို့ပျံမယ်
လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ
တောင်တွေကိုကျော်လွန်ကာ ပင်လယ်ဖြတ်လို့
မိုးကောင်းကင်ယံ