သီချင်း - လူကြီးမင်းခေါ်ဆိုသော
တေးဆို - မင်းသန့်
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ
မင်းဖုန်းလေး ဘယ်တော့များမှအားမှာလဲ
တင်းလွန်းရင် ပြတ်မှာဆိုးလို့
လျော့လိုက်မှ လွတ်ကျသွားတယ်ကြိုးငယ်
ထီးမပါဘဲ လမ်းလျှောက်တဲ့အခါကျမှ
ဇွတ်ရွာချတယ် မိုးရယ်
နေနိုင်သူကြီး စိမ်းကားရက်သူနဲ့
သေးသေးလေးကအစ စိတ်ပူစိတ်မချတက်သူ
အတိတ်က လက်အတူတွဲ
အရောင်ဆိုးခံလိုက်တဲ့ ပိတ်စရွက်အဖြူ
နှုတ်ခမ်း ဖူးဖူးလေးထက်က
မုသားလှလှသုံးတဲ့သူကို ငါကြောက်လို့
ငါပဲရှိတယ် ထင်ခဲ့တာ
နင်ဇာတ်လမ်းရဲ့ ဇာတ်ကောင်ဟောင်းက
ငါ့ Chat-box မှာလာဟောက်လို့
နင်ရှုပ်ခဲ့သမျှအရာများ ငါသိခဲ့ရပြီရိုင်းတယ်
တကယ်ချစ်ခဲ့ရသူမို့ နာကျည်းခဲ့ရပြီအနှိုင်းမဲ့
မင်းအတွက် ဘာမှမဟုတ်ပေမယ့်
ငါ့အတွက်တော့ ကမ္ဘာကြီးကွဲသွားသည့်အတိုင်းပဲ
တစ်ကယ်မချစ်ပဲ ငါ့ရင်ခွင်အားမင်းလာခိုနားခဲ့
တစ်ယောက်ဆို တစ်ယောက်ပြောပြီး
နောက်တစ်ယောက် မင်းဘာလို့ထားလဲ
ငါမှေးစက်ရတဲ့ အချိန်မှာတောင်
ငါ့ကိုယ်စောင့်နတ် မင်းဆီသီချင်းလာဆိုပြတယ်
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ
အခြားတစ်ယောက်နဲ့ပြောပြီး ပျော်နေပါတယ်တဲ့
ငါ့ Contact ထဲမှာ အနာဂတ်လို့မှတ်ထားတယ်
မင်းအဝင် Call လေးဘက်မှာ
ဖုန်းစိမ်း တစ်လုံးသာသာ
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ
မင်းဖုန်းလေး ဘယ်တော့များမှအားမှာလဲ
၁၀ လ ပိုင်းမှာစပြီး ကျွန်တော့ဘဝထဲ
ကောင်မလေး တစ်ယောက်ဝင်လာခဲ့တယ်
ကြင်နာခဲ့တဲ့ အချိန်တွေကြောင့်
ညအိပ်ရင်တောင် ခေါင်းအုံးမလို့
သူ့အလှပေါ်မှာမှိန်းခဲ့
သူ့ဘက်က တယုတယခေါ်တာပါ
ကျွန်တော်တယုတယခေါ်တာမိန်းတဲ့
ဒါပေမယ့်လည်း အခုကျတော့ဗျာ သူစိမ်းပဲ
သူပြန်ပေးတဲ့အချစ်မှာ Corona လို
သေနိုင်တဲ့ ရောဂါတွေပါတယ်
သိသိရက်နဲ့ ရှေ့ဆက်တိုးမိတယ်
ငါဘာလို့အဲ့လောက် အကြောမာနေတာလဲ
တစ်နေ့လက်ထပ်ပြီးရင် သူ့မွေးရက်မြေ
ကလောမှာနေမှာတဲ့
အဲ့လိုဂျင်းထည့်တဲ့ မုသာဝါဒ
အပြောလေးတွေကြား ဒီငပေါကသေတာပဲ
မဝေးခဲ့ရင် လူတွေအားကျမယ့်အတွဲ
လူမဲနဲ့ လူဖြူမလေးပေါ့
အင်းငါ့ဆိုအမြဲပဲ အပြစ်တင်တယ်
မင်းအတွက်ဆိုငါ့မှာ ငြူစူစရာမတွေ့တော့
Travis Scott နဲ့ Kylie Jenner လိုဖြစ်ချင်တဲ့
အတူတူကမ္ဘာလေးရော
မင်းပြန်လာဦးမယ်ထင်နေတဲ့ ခေါင်းကိုခွဲဖို့သာ
တူ ယူလာပေးတော့
အဆင်မပြေလို့ ထွက်သွားခဲ့မလား
ပျော်ပါစေ ထပ်နှောက်ယှက်စရာမရှိ
တိုက်ဆိုင်လို့ ထပ်တွေ့တယ်ပြောချင်လို့
တောင်မြောက်လမ်းဆုံမှာ ရပ်စောင့်တက်လာပြီ
မျှော်လင့်ချက် ထမ်းထားရလို့ထင်တယ်
မျှော်နေရတာ သက်သောင့်သက်သာမရှိ
ဘီယာတစ်ခွက်နဲ့ မူးတဲ့ကောင်
အခုဒဏ်ရာဆေးဖို့ မျက်ထောင့်နှစ်ဖက်မှာနီ
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ
အခြားတစ်ယောက်နဲ့ပြောပြီး ပျော်နေပါတယ်တဲ့
ငါ့ Contact ထဲမှာ အနာဂတ်လို့မှတ်ထားတယ်
မင်းအဝင် Call လေးဘက်မှာ
ဖုန်းစိမ်း တစ်လုံးသာသာ
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ
မင်းဖုန်း ဘယ်တော့များမှအားမှာလဲ