အချစ်စည်းဝိုင်းရဲ့အပြင်ကလူ
တေးဆို မိုးထက်မြင့်
အချစ်ပုံပြင်ပေါင်းများစွာ
ကြားခဲ့ဖူးပါပြီ
အလွမ်းပုံပြင်ပေါင်းများစွာ
ကြုံခဲ့ဖူးပါပြီ
နှလုံးသားအချစ်ကံနည်းသူ
အကြင်နာဝင်္ကမ္ဘာထဲမှာ ထွက်ချည်ဝင်ချည်
ခိုနားစရာအချစ်ကမ္ဘာလေးတစ်ခုတော့
ရချင်မိပါသည်
အချစ်ပုံပြင်ပေါင်းများစွာ
ကြားခဲ့ဖူးပါပြီ
အလွမ်းပုံပြင်ပေါင်းများစွာ
ကြုံခဲ့ဖူးပါပြီ
နှလုံးသားအချစ်ကံနည်းသူ
အကြင်နာဝင်္ကမ္ဘာထဲမှာ ထွက်ချည်ဝင်ချည်
ခိုနားစရာအချစ်ကမ္ဘာလေးတစ်ခုတော့
ရချင်မိပါသည်
အချစ်ကိုတည် အချစ်နဲ့စားလည်းး
ရလဒ်အဖြေမှာ မသေချာလေသည်
အချစ်ကံမွဲလို့ အချစ်နဲ့ လွဲခဲ့သည်
မှန်သောသစ္စာ ဆိုပါမည်
မှန်သောသစ္စာ.. ဆိုပါမည်
ချစ်ခဲ့တဲ့ အချစ်မှန်သမျှမှာ
ရိုးသား ခဲ့ပါသည်
ရိုးသားးစွာနဲ့ ချစ်ခဲ့ပါသည်
ခိုစရာ တွယ်စရာမဲ့တဲ့သူ
စာနာမယ့်သူ ဝေးတဲ့သူ
အချစ်နဲ့ မသက်ဆိုင်လေတဲ့သူ....
အချစ်ကိုရှာ ဘယ်မှာမတွေ့
အချစ်ကံ နည်းတဲ့သူ
အချစ်စည်းဝိုင်းရဲ့ အပြင်ကလူ
အချစ်စည်းဝိုင်းရဲ့ အပြင်ကလူ
အချစ်ကိုတည် အချစ်နဲ့စားလည်းး
ရလဒ်အဖြေမှာ မသေချာလေသည်
အချစ်ကံ မွဲလို့ အချစ်နဲ့ လွဲခဲ့သည်
မှန်သောသစ္စာ ဆိုပါမည်
မှန်သောသစ္စာ.. ဆိုပါမည်
ချစ်ခဲ့တဲ့ အချစ်မှန်သမျှမှာ
ရိုးသား ခဲ့ပါသည်
ရိုးသားးစွာနဲ့ ချစ်ခဲ့ပါသည်
ခိုစရာ တွယ်စရာမဲ့တဲ့သူ
စာနာမယ့်သူ ဝေးတဲ့သူ
အချစ်နဲ့ မသက်ဆိုင်လေတဲ့သူ....
အချစ်ကိုရှာ ဘယ်မှာမတွေ့
အချစ်ကံ နည်းတဲ့သူ
အချစ်စည်းဝိုင်းရဲ့ အပြင်ကလူ
အချစ်စည်းဝိုင်းရဲ့ အပြင်ကလူ
ကျေးဇူးတင်ပါတယ်ခင်ဗျာ