..မင်းအချစ်တွေနဲ့..
ဝိုင်းစုခိုင်သိန်း
F..ကြယ်စင်တွေ ခူးဆွတ်ပြီးပေးဖို့
မလိုပါဘူး မင်းရှိရင်ပြီးပြီ..
ဒီကမ္ဘာမှာ မင်းအချစ်ကလွဲပြီး
ကျန်တာမလိုချင်တော့ပြီ..
M..ပုံပြင်တွေထဲကလောက် ချစ်ဖို့
မမျှော်လင့်ဘူး လက်တွေ့ကမ္ဘာထဲမှာ..
လိုနေချိန် အနားနားအမြဲရှိရင်
ကိုယ့် ဘ၀ပြည့်စုံပါပြီ..
F..မင်းရှိတဲ့နေရာ မင်းရှိတဲ့ကမ္ဘာ
မင်းအချစ်နဲ့ အရာရာဖြတ်သန်းဖို့..
M..အားများအပြည့်ပါ တွဲလက်ခိုင်မြဲ
မင်းအချစ်တွေနဲ့ ရင်ဆိုင်နိုင်တယ်..
~~~~~~
.....Solo.....
F..ကြယ်စင်များ ခူးဆွတ်ပြီးပေးဖို့
မလိုပါဘူး မင်းရှိရင် ပြီးပြီ..
M..ဒီကမ္ဘာမှာ မင်းအချစ်ကလွဲပြီး
ကျန်တာမလိုချင်တော့ပြီ..
M+F..မင်းရှိတဲ့နေရာ မင်းရှိတဲ့ကမ္ဘာ
မင်းအချစ်နဲ့ အရာရာဖြတ်သန်းဖို့..
အားများအပြည့်ပါ တွဲလက်ခိုင်မြဲ
မင်းအချစ်တွေနဲ့ ရင်ဆိုင်နိုင်တယ်..
F..အိမ်မက်ထဲထိတောင် အတူရှိခဲ့
လက်တွေ့ဘ၀ထဲမှာလည်း
လက်တွဲထားမယ်..
M..မင်းရှိတဲ့မြို့မှာ ငါရှိချင်တယ်..
မင်းခူးမယ့်ပန်းဟာ ငါဖြစ်ရမယ်..
F..မင်းရှိတဲ့နေရာ မင်းရှိတဲ့ကမ္ဘာ
မင်းအချစ်နဲ့ အရာရာ ဖြတ်သန်းဖို့..
M..အားများအပြည့်ပါ တွဲလက်ခိုင်မြဲ
မင်းအချစ်တွေနဲ့ ရင်ဆိုင်နိုင်တယ်..
M+F..မင်းရှိတဲ့နေရာ မင်းရှိတဲ့ကမ္ဘာ
မင်းအချစ်နဲ့အရာရာဖြတ်သန်းဖို့..
အားများအပြည့်ပါ တွဲလက်ခိုင်မြဲ
မင်းအချစ်တွေနဲ့ ရင်ဆိုင်နိုင်တယ်..
~~~Thanks for all~~~
**မင်းရဲ့အချစ်တွေသာရှိနေရင်
ကိုယ့်ဘဝ အရာရာပြည့်စုံပါပီ**