menu-iconlogo
huatong
huatong
avatar

မလွမ်းရဲ​သေးဘူး_Lဆိုင်းဇီ.Male Style

Myanmar Music Loverhuatong
🎖️🎶ᴶᵁᴺᴱ𝐀𝐥𝐢🅺🅾ⓉⒽⒺⓉ🎶🎖️huatong
লিরিক্স
রেকর্ডিং
..မလွမ်းရဲသေးဘူး..

** L ဆိုင်းဇီ **

..Male Style..

မဆုံနိုင်တဲ့အကြောင်းလေး

ရှိခဲ့ကြတော့

တစ်နေ့နေ့အသင့်ဖြစ်အောင်

ကိုယ် ပြင်ဆင်ပါ့မယ်..

အကြင်နာ ဇာတ်လမ်းလေး

အလွမ်းပြောင်းရေးဖို့

သွေးနည်းနည်းအေးအောင်

အချိန်ပေးပါဦးကွယ်..

ကျန်နေခဲ့မှာတွေးရုံနဲ့

ဆွေးတတ်ခဲ့..တကယ့်ဘ၀ကို

အခုရင်ဆိုင်ဖို့ခက်မယ်..

ရေပြင်လေးလား ငြိမ်သက်ခဲ့တဲ့ဘဝ

လှုပ်ခတ်လို့သွားအောင်

သူလာပြုစားတယ်..

ယူလာတဲ့အယုအယ စက်ကွင်းလေးထဲက

တိုးထွက်လို့မရအောင်ဆွဲညှို့လို့ထားခဲ့..

ကျန်နေခဲ့မှာ ​တွေးရုံနဲ့

ကြေကွဲတတ်တော့လည်း

တကယ့်ဘ၀မှာ ကိုယ်လေ

ဘယ်လို စတေးရမှာလဲ..

မလွမ်းရဲသေးဘူး ​မေရယ်

ခဏနဲ့မထားခဲ့ပါနဲ့..အချစ်ရိပ်လေးမှာ

အတူ ပျော်နေချင်သေးတယ်..

ကိုယ့်အသည်းလေး နုနုနယ်နယ်

ထိခိုက် ကွဲအက်လွယ်တယ်..

လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့

ကိုယ် သိပ်ချစ်တော့ကွယ်..

ကိန္နရာချောင်းခြား သီချင်းလေးကြားတိုင်း

ထိန်းချုပ်လို့မရပါ ကိုယ်မျက်ရည်ဝဲခဲ့..

ဘယ်လိုချစ်သွားလဲ ဘယ်ထိချစ်ရမလဲ

ဘာဆက်လုပ်ရမလဲလေ ဖြေပါအုံးကွယ်..

ကျန်နေခဲ့မှာ ​တွေးရုံနဲ့

ကြေကွဲတတ်တော့လည်း

တကယ့်ဘ၀မှာ ကိုယ်လေ

ဘယ်လို ​စတေးရမှာလဲ..ဟွမ်း

~~~~~~

Music solo...

ကျန်နေခဲ့မှာ ​တွေးရုံနဲ့

ကြေကွဲတတ်တော့လည်း

တကယ့်ဘ၀မှာ ကိုယ်လေ

ဘယ်လို စတေးရမှာလဲ..

မလွမ်းရဲသေးဘူး ​မေရယ်

ခဏနဲ့မထားခဲ့ပါနဲ့..အချစ်ရိပ်လေးမှာ

အတူ ​ပျော်နေချင်သေးတယ်..

ကိုယ့်အသည်းလေး နုနုနယ်နယ်

ထိခိုက်ကွဲအက်လွယ်တယ်..

လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့..

မလွမ်းရဲသေးဘူး ​မေရယ်

ခဏနဲ့မထားခဲ့ပါနဲ့ အချစ်ရိပ်လေးမှာ

အတူ ပျော်နေချင်သေးတယ်..

ကိုယ့်အသည်းလေး နုနုနယ်နယ်

ထိခိုက်ကွဲအက်လွယ်တယ်..

လွမ်းရုံလေးနဲ့ နွမ်းမယ်ထင်ပါရဲ့..

မဆုံနိုင်တဲ့အကြောင်းလေး

ရှိခဲ့ကြတော့..

တစ်နေ့နေ့ အသင့်ဖြစ်အောင်

ကိုယ် ကြိုးစားရဦးမယ်...

...ကျေးဇူးတင်ပါတယ်...

***Myanmar Music Lover***

Myanmar Music Lover থেকে আরও

সব দেখুনlogo